ကျွန်မ သမီးနှစ်ယောက်က အစာသိပ်မရွေးကြပါဘူး။ မြန်မာစာကြိုက်သလို ဒီက အစာလေးတွေလဲ အစုံစားတတ်ကြတယ်။ သိပ်ပြီး cheese များတာတို့၊ စပ်တာတို့တော့ မကြိုက်ကြဘူး။ အရင်ကဆို အများကြီး မစားလို့ဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ သို့ပေမယ့် စာတွေဖတ်ကြည့်တဲ့အခါ ကလေးရဲ့ လက်တဆုပ်သာရှိတဲ့ အစာအိမ်သေးလေးက အစာတွေ အများကြီး လက်မခံနိုင်ဘူးဆိုတာ သိခဲ့ရလို့ သူတို့ တနိုင်စားနိုင်သလောက်ပဲ ထည့်ပေးတော့တယ်။ အများကြီးထည့်ပေးလဲ သူတို့ မကုန်နိုင်လို့ ကစားလိုက်ကြမှာလေ။ အဲလိုဆို မေမေဖြစ်တဲ့ ကျွန်မက စိတ်ဆိုးရအုံးမှာ...
ဟင်းချက်တာတွေ ကောင်းအောင် ချက်ပေမယ့်လဲ သူတို့ အရွယ်လေးတွေ စားချင်မှ စားမှာလေ။ ဆိုတော့ ကိုယ်လဲ သိပ်အများကြီး ပင်ပင်ပန်းပန်း မဟုတ်တဲ့ ကလေးစာလေးတွေ ချက်ပြုတ်ပြီး ပန်းကန်ကို စားချင်စဖွယ် ပြင်ပေးလိုက်ရင် ကလေးတွေအတွက် အကောင်းဆုံး အာဟာရတွေပါဝင်တဲ့ အစာတစ်ပွဲဖြစ်သွားမှာပါ။
ဒီနေ့ညစာကိုတော့ လွယ်လွယ်ကူကူ ဖဲပြားခေါက်ဆွဲလေးစားဖို့ လုပ်ပေးဖြစ်တယ်။
ခေါက်ဆွဲခြောက်လေးပြုတ်ဖို့ ရေနွေးအရင်တည်ထားပါ။ ရေနွေးဆူလျှင် ဆားအနည်းငယ်ထည့်ပြီး ခေါက်ဆွဲခြောက်လေးတွေထည့်ပါ။ ခေါက်ဆွဲရခါနီးလျှင် ပန်းဂေါ်ဖီ အစိမ်းကို ထည့်ပြုတ်ပါ။ အားလုံးရလျှင် ရေစစ်ထားပါ။ ပန်းကန်ပြင်တဲ့အခါ ခေါက်ဆွဲကို သန်လွင်ဆီလေး အနည်းငယ်ဖြန်း (သို့) ထောပတ်လေး အနည်းငယ်ထည့်ပါ။ ခေါက်ဆွဲပြုတ်တုန်းက ဆားပါပြီးသားမို့ ထပ်ထည့်စရာမလိုတော့ပါ။ ခေါက်ဆွဲ၊ ပန်းဂေါ်ဖီ အစိမ်းနှင့် အသားအတွက်ရှိပြီးသား ကြက်သားလေးကို သူ့နေရာနဲ့သူနေရာချပြီး အပေါ်ကနေ ငြုပ်ကောင်းလေးဖြူးပေးပါ။ ဒီလိုဆိုရင်တော့ လွယ်ကူပြီး အသား၊ အသီးအရွက်၊ ဂျုံ အစုံပါဝင်တာမို့ အာဟာရပြည့်ဝတဲ့ ညစာတပွဲရပါပြီ။
ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။
❤ ထာဝရဆု ❤
Thursday, August 21, 2014
Wednesday, August 20, 2014
bubble လေးတွေနဲ့ ကစားရအောင်
ကလေးတိုင်း bubble လေးတွေနဲ့ ကစားရတာကို ဘယ်တော့မှ မရိုးသွား မအီသွားကြပါဘူး။ ဒီကစားနည်းလေးက ကုန်ကျစရိတ်နဲတဲ့ ကစားနည်း တခုပါပဲ။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
ပန်းကန်ဆေး ဆပ်ပြာရည်
ရေ
ပိုက်
ခွက် တို့ပါပဲ။
ပန်းကန်ဆေး ဆပ်ပြာရည် နှစ်ဇွန်းလောက်ကို ခွက်တခုထဲထည့် ပြီး ရေ နည်းနည်း ရောထားပါ။
နောက် ပိုက်လေးနဲ့ မှုတ်ပြီး စိတ်တိုင်းကျ ကစားနိုင်ပါပြီ။ ကလေးငယ်သေးရင် တော့ ပါးစပ်ထဲ ၀င်သွားမှာဆိုးလို့ ကိုယ်တိုင် မလုပ်ခိုင်းပါနဲ့အုံး။
လက်ဖြင့် ကိုင်တွယ်ပြီး စိတ်တိုင်းကျ ကစားခိုင်းလိုက်ပါ။
ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။
❤ ထာဝရဆု ❤
မီးတောင်ကနေ ချော်ရည်တွေ ဘယ်လိုထွက်သလဲ
ဒီနေ့တော့ သိပ္ဗံစမ်းသပ်မှုလေးတခု သမီးတွေနဲ့ လုပ်ဖြစ်ပါတယ်။ သိပ်ကြီးမားတဲ့ စမ်းသပ်မှုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ပျော်စရာလဲ ကောင်း အသိပညာလဲ ရတဲ့ ကစားနည်းလေးမို့ သူငယ်ချင်းမေမေတွေသိအောင် ဝေမျှလိုက်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
ဆိုဒါ
ရှာလကာရည်
အစားအစာ အရောင်ဆိုးဆေး တို့ပါပဲ။
ခွက်လေးတွေထဲကို ဆိုဒါလေးတွေထည့်ပြီး အရောင် ၄-၅စက် ထည့်ပြီး သမအောင် မွှေပေးထားပါ။
ရှာလကာရည်ကို ဗူးလေးတခုထဲ ထည့်ထားပြီး ပေကြံမှုတွေကင်းအောင် ဗန်းတခုတော့ အောက်က ခံထားပေးရင် အကောင်းဆုံးပါပဲ။
နောက် သမီးတွေကို ရှာလကာရည် ဗူးပေးပြီး ဆိုဒါထည့်ထားတဲ့ ခွက်လေးတွေထဲ လောင်းထည့်စေလိုက်တဲ့ အခါ......
ဆိုဒါနှင့် ရှာလကာရည် ဓါတ်ပြုပြီး ချောရည်လေးတွေ ထွက်လာပါပြီ။
ဒီကစားနည်းမှာ သိပ္ဗံဆိုင်ရာ ဓါတ်ပြုခြင်း သဘောကို လက်တွေ့စမ်းသပ်နိုင်မှာဖြစ်ပါတယ်။ နောက်တခုက ကလေးတွေ ဗူးကိုင်ပြီး လောင်းထည့်တဲ့အခါ အတိုင်းအဆကို လည်း သင်ယူနိုင်မှာမို့ ဒီကစားနည်းက အသုံးဝင်တဲ့ ကစားနည်းလေး တခုပေါ့....
ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။
❤ ထာဝရဆု ❤
တူရာလေးတွေ ရွေးခြယ် ကစားကြမယ်
ဒီနေ့ မနက် သမီးတွေကို ဘာလေးတွေ ပေးကစားရမလဲ စဉ်းစားရင်း ဘာမှ အသစ်တွေမလုပ်ဘဲ ရှိတဲ့ အရုပ်ကလေးတွေနဲ့ပဲ ကစားတော့မယလို့ အကြံလေးတခုရတယ်။
ပထမဦးဆုံး လိုအပ်တဲ့ အရုပ်အသေးလေးတွေကို အရင်ရှာထားလိုက်ပါ။ နောက် A3 ဆိုဒ် စာရွက်ပေါ်မှာ အရုပ်ထက် နည်းငယ် ခပ်ကြီးကြီးလေး ဖြစ်အောင် ဆွဲပါ။ အရုပ်ကလေးတွေကိုတော့ အိတ်တခု (သို့) ဗူးတခုထဲ ထည့်ထားလိုက်ပါ။
စာရွက်ကို စားပွဲပေါ်မှာ တိပ်ဖြင့် ကပ်လိုက်ပါ။ နောက် အရုပ်ထည့်ထားတဲ့ အိပ်ကို ပေးပြီး ကလေးတွေကို တူညီရာလေးတွေ ရွေးပြီး စီခိုင်းလိုက်ပါတယ်။
သမီးနှစ်ယောက်ကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ တူရာအရုပ်လေးတွေကို ရွေးပြီး စီနေတော့တာပါပဲ။
အားလုံး စီပြီးသွားတော့ နောက် တခေါက် ထပ်လုပ်မယ်ဆိုပြီး အရုပ်တွေကို အိတ်ထဲထည့်ကာ အစကနေ ပြန်ကစားကြတယ်။
ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။
❤ ထာဝရဆု ❤
ရေချိုးရင်း bubble လေးတွေနဲ့ ကစားကြမယ်
ရေချိုးတိုင်း bubble လေးတွေ လုပ်ပေးရပါတယ်။ ဒီတခါတော့ အဆန်းလေးဖြစ်အောင် လုပ်ပေးလိုက်တယ်။
ရေချိုးဆပ်ပြာရည်ကို အရောင်ဆိုးဆေး အစိမ်းလေး အစက် ၂၀-၃၀လောက်နှင့် ရေလေးနည်းနည်းထည့်ပြီး ပြီး blender ထဲမှာ ထည့်မွှေလိုက်ပါတယ်။
ပြီး ရေနွေးလေးစပ်ထားတဲ့ tub ထဲကို ထည့်လိုက်တဲ့အခါ bubble အများကြီးထွက်လာတာပေါ့။ နောက်ဆန်းတာက ရေအရောင်ကပါ အစိမ်းလေးဖြစ်နေတာ။
bubble တွေနဲ့ ကစားရင်း bubble လေးတွေ အပေါ်က အရောင်ဆိုးဆေး အနည်းငယ် ဖြန်းပေးလိုက်ပြီး အရောင်ဆိုးပေးလိုက်တယ်။
ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။
❤ ထာဝရဆု ❤
Sunday, August 17, 2014
DIY Paint dotters
ဤကစားနည်းအတွက် လိုအပ်သည်များ။ ။ ပန်းချီဆေး (နှစ်သက်ရာ အရောင်)၊ ဗူးသေးသေးလေး၊ မိတ်ကပ်လိမ်းရာတွင်သုံးသော Sponge နှင့် ကြိုး
ပန်းချီဆွဲရာမှာ စုပ်တံအစား အခြားနည်းများစွာဖြင့် ဆွဲလို့ရပါသည်။ တရက် သမီးနှင့် အစက်ချတဲ့ paint လုပ်ကြရအောင်လို့ အကြံရတယ်။ ခက်တာက အိမ်မှာ paint dotters မရှိဘူး။ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားရင်း bubble ဗူးသေးသေးလေးတွေရှိသားပဲဆိုပြီး မိတ်ကပ် sponges လေးနဲ့ DIY လေးလုပ်ဖြစ်တယ်။ ဗူးထဲကို ဆေးထည့် ရေရော ပြီး sponges ကို အပေါ်မှာတင်ပြီး cable ties နဲ့စီးပါတယ် မရှိပါက ကြိုးနဲ့စီးလိုက်ရုံပါပဲ။ ဆေးက အရမ်းပြစ်နေရင် အစက်ချရာမှာ မကောင်းပါဘူး။ ခုနည်းလေးက လုပ်ရတာလွယ်ကူသလို ကလေးလည်း ပျော်ရွှင်စွာ dot painting လုပ်ဖြစ်ပါမှာဖြစ်ပါတယ်။
ကလေးလက်လေးတွေက သေးတဲ့အတွက် သိပ်ကြီးတဲ့ဗူးဆိုရင် သူတို့ ပုံဆွဲရာမှာ အဆင်မပြေပါဘူး။ နောက်တခုက ကလေးကစားမှာဖြစ်လို့ ကွဲနိုင်သော ဖန်ပုလင်းကဲ့သို့ အရာများနှင့် မပြုလုပ်ပါနှင့်။
တချို့ပစ္စည်းတွေက ၀ယ်လို့ရပေမယ့် ကစားချင်တဲ့အချိန် အဆင်သင့်မရှိရင်သော်၎င်း၊ ဈေးကြီးလျှင်သော်၎င်း ယခုကဲ့သို့လွယ်ကူစွာနဲ့ အစားထိုးပေးလို့ရပါသည်။
❤ ထာဝရဆု ❤
play-dough နဲ့ ကစားကြရအောင်
ဤကစားနည်းအတွက် လိုအပ်သည်များ။ ။ play-dough အနီ၊ အ၀ါ၊ အစိမ်း
play-dough လုပ်နည်းကို ဒီမှာ ကြည့်ပါ။
ခေါက်ဆွဲအတွက် play-dough အ၀ါကို သုံးပါမည်။ အလုံးလေးလုံး၍ ရှည်မျောမျောဖြစ်အောင် လှိမ့်ပေးပါ။ နောက်တွင် အပိုင်းလေးများ ဖြတ်ပြီး ၄င်းအပိုင်းလေးများကို သေးသေးသွယ်သွယ် ခေါက်ဆွဲချောင်းများဖြစ်အောင် ထပ်လှိမ့်ပေးပါ။
အသားလုံးအတွက်ကတော့ အနီရောင်ကို သုံးပါမည်။ အလုံးသေးလေးများလုံးပေးထားပါ။
အသီးအရွက်လေးများအတွက်တော့ အစိမ်းရောင် play-dough ကို နှစ်သက်ရာ အသီးအရွက်ပုံလေးတွေဖော်ပေးလိုက်ပါ။
ပန်းကန်ပြားထဲတွင် ခေါက်ဆွဲထည့် အသားလုံးတင်ပြီး အသီးအရွက်များထည့်လိုက်လျှင်တော့ အရသာပြည့်စုံတဲ့ spagetti လေးရပါပြီ။

တနေ့တာလုံး သမီးရဲ့ စိတ်တိုင်းကျ ဖန်တီးမှုလေးတွေကို မျှဝေလိုက်ပါတယ်။
15 မိနစ် လောက်သာ အချိန်ပေးပြီး လုပ်ရသော ငွေကုန်ကြေးကျသက်သာတဲ့ play-dough လုပ်နည်းလေးကို စမ်းလုပ်ကြည့်ပြီး သင့်ရင်သွေးအတွက် ပျော်ရွှင်ဖွယ် အချိန်လေး ဖန်ဆင်းပေးလိုက်ရအောင်လား။

❤ ထာဝရဆု ❤
Play-dough လေး ကိုယ်တိုင်လုပ်ကြည့်ရအောင်
Play-dough နဲ့ကစားခြင်းရဲ့ အကျိုးကျေးဇူးများက ကလေးရဲ့ လက်တွေကို သန်မာစေတဲ့အပြင် ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းကောင်းပြီး ဖန်တီးနိုင်စွမ်းကိုပါ မြင့်မားစေပါတယ်။
Play-dough ကို ၀ယ်လို့ရပေမယ့် ကိုယ်တိုင်လုပ်တာလောက် စိတ်ချရမယ် မထင်ပါဘူး။ ယခု ပြောပြမည့်နည်းလေးထဲတွင် ပါဝင်ပစ္စည်းများက မိမိအိမ်မီးခိုချောင်တွင် အဆင်သင့်ရှိနိုင်သော ပစ္စည်းများဖြစ်လို့ ကလေးငယ် အတွက် ဘေးမဖြစ်စေနိုင်ပါ။ လုပ်ရတာ လွယ်ကူတဲ့ Play-dough လေးကို ကိုယ်တိုင် လုပ်ကြည့်နိုင်ဖို့ နည်းလေး ဝေငှပေးလိုက်ပါတယ်။
ဤကစားနည်းအတွက် လိုအပ်သည်များ။ ။
ရေ 1 cup
ဂျုံ 1 cup
ဆား 1/2 cup
ဆီ 1 tbsp
Food Color
ပထမဦးစွာ ဂျုံ၊ ဆား ကို ဇလုံကြီးကြီးထဲထည့်ပြီး သမ အောင် ရောပါ။ ထို့နောက် ဆီထည့်၊ ရေကို နည်းနည်းချင်းဆီထည့်ပြီး မွှေပေးပါ။ ပုံတွင်ပြထားသည့်အတိုင်း ခပ်ပြစ်ပြစ်လေးရလာပြီးဆိုလျှင်တော့ ဒန်အိုးထဲတွင်ထည့်ကာ မီးအသင့်အတင့်(medium heat) ဖြင့် လှိမ့်ပေးပါ။ ခြောက်သွားလျှင်တော့ dough ရပါပြီ။
ရလာသော dough ကို မုန့်ဖုတ် စက္ကူလေးခင်းပြီး လေးပုံပုံပါ။ dough ကို အလယ်ကို လက်မလေးဖြင့်ဖိပြီး နှစ်သက်ရာ Food Color အစက်ချထည့်ပါ။ သိပ်အများကြီး ထည့်စရာမလိုပါ။ ထို့နောက် အရောင်များ နှံ့ သွားအောင် ဒလိမ့်တုံးမရှိလျှင် လက်ဖမိုးလေးဖြင့် လှိမ့်ပေးပါ။ တခြားအရောင်များကို လည်း ဤနည်းအတိုင်းလုပ်ပေးပါ။ ကျွန်မကတော့ အခြေခံအရောင်လေးများဖြစ်တဲ့ အနီ၊ အ၀ါ၊ အစိမ်း၊ အပြာ လေးရောင်လုပ်ပါတယ်။
ဒါဆိုရင်တော့ ကလေးတွေ နှစ်သက်တဲ့ play-dough အရောင်စုံလေး ရပါပြီ။ play-doughကို လေလုံသော ဗူး (သို့) ပလက်စတစ်အိပ်ထဲထည့်၍ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါသည်။ ကြာရှည်ခံဆေးမပါ၍ တပတ်လောက်သာ အထားခံပေမယ့် ကိုယ်တိုင်လုပ်ထား၍ ဘေးဥပါတ်မဖြစ်နိုင်လို့ ကလေးတွေကို စိတ်ချစွာပေးကစားနိုင်မှာ ဖြစ်ပါတယ်။
❤ ထာဝရဆု ❤
စာရေးလေ့ကျင့်ရအောင်
ဒီနေ့တော့ သမီးအတွက် စာရေးကျင့်တဲ့ ကဒ်လေးတွေလုပ်ပေးဖြစ်ပါတယ်။ စာစပြီးမရေးခင် စက်ဝိုင်းလေးတွေ၊ မျဉ်းဖြောင့်၊ မျဉ်းကွေးလေးတွေကို ဆွဲကျင့်ရင် စာရေးသင်ရာမှာ လွယ်ကူတယ်လို့ဆိုပါတယ်။ ၀က်ဆိုဒ်တခုမှာ ပရင့်ထုတ်ဖို့ အဆင်သင့်တွေ့တာနဲ့ ယူပြီး Print ထုတ်ထားပါတယ်။ ကဒ်ထူနဲ့ ထုတ်ရင်ပိုကောင်းပါတယ်။ ကျွန်မကတော့ ရိုးရိုးစာရွက်နဲ့ထုတ်လိုက်မိလို့ တောင့်တောင့်လေးဖြစ်အောင် ရောင်စုံကဒ်ထူလေးတွေကို နောက်ခံထားပြီး ပလက်စတစ် လောင်းလိုက်ပါတယ်။ ပြီးလျှင်တော့ စက္ကူဖေါက်စက်နဲ့ အပေါက်လေးဖောက်ပြီး သော့ချိတ်ကွင်းလေးထဲ ထည့်လိုက်ရင်ရပါပြီ။ ကလေးကို marker လေးပေးပြီး အစက်လေးတွေကို လိုက်ဆက်ခိုင်းလိုက်ပါ။ ပြန်ဖျက်ချင်ရင်တော့ ရေစိုအ၀တ်လေးနဲ့ သုတ်လိုက်ယုံပါပဲ။ လုပ်ရတာ လွယ်ကူသလို အိမ်မှာပဲဖြစ်ဖြစ် အပြင်သွားရင်ပဲဖြစ်ဖြစ် ကလေးငယ်အတွက် ထပ်ခါထပ်ခါ စားရေးကျင့်နိုင်တဲ့ ကဒ်ပြားလေးတွေရမှာပါ။ ဒီမှာ Print ထုတ်နိုင်ပါတယ်။
ကြိုက်နှစ်သက်တယ်ဆိုလျှင်တော့ share ပေးကြပါလို့။
❤ ထာဝရဆု ❤
Shape လေးတွေလေ့လာကြရအောင်
ဒီနေ့တော့ နှစ်နှစ်အရွယ် သမီးနဲ့ shape တွေကို လေ့လာတဲ့ ကစားနည်းလေး ကစားဖြစ်ပါတယ်။ သမီးကို ငယ်ငယ်လေးထဲက shape တွေကို ပြောပြထားလို့ သိပြီးသားပါ။ လုံးဝမသိသေးတဲ့ ကလေးတွေကိုလည်း ဒီကစားနည်းလေးနဲ့ စပြီး သင်ပေးကြည့်ပါ။ နည်းမျိုးစုံနဲ့ ကစားပေးခြင်းဖြင့် ကလေးကို မမေ့အောင် လေ့ကျင့်ပေးနိုင်ပါတယ်။ ကုန်ကျစရိတ်သက်သာသလို သင်ရတာလွယ်ကူတာကို တွေ့ပါလိမ့်မယ်။
ကျောက်သင်ပုန်းပေါ်မှာ shape တစ်ခုချင်းစီကို ပုံဆွဲပြီး အကန့်လေးတွေကိုဆွဲထားပါ။ ထို့နောက် contact paper (တဘက်မှာကော်ပါပါတယ် အကြည်ရောင်ဆို ခုကစားနည်းအတွက် ပိုကောင်းပါတယ်) ကော်မပါတဲ့ဘက်ကို ကျောက်သင်ပုန်းမှာထားပြီး တိပ်ဖြင့်ကပ်ပါ။ contact paper က ဈေးမကြီးပါဘူး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွေမှာရနိုင်ပြီး ၉ ပေပါတဲ့အလိပ်ကိုမှ ၃ ဒေါ်လာဝန်းကျင် ပဲပေးရပါတယ်။ တချို့နေရာတွေမှာတော့ စာရေးကိရိယာဆိုင်တွေမှာလည်းရှိတတ်ပါတယ်။ ရောင်စုံစက္ကူ အရောင်တခုတည်းကိုသာ အသုံးပြုပြီး shape လေးတွေကို အကြီးအသေးလေးတွေ ကတ်ကြေးနှင့် ညှပ်ထားပါ။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင်တော့ ကလေးကို Shape လေးတွေရဲ့ နာမည်ပြောပြပြီး ရောထားတဲ့ shpae စက္ကူလေးတွေထဲကရှာခိုင်းပြီး ကျောက်သင်ပုန်းမှာ ကပ်ခိုင်းလိုက်ပါ။ contact paper နဲ့မို့ မှားသွားလည်း အလွယ်တကူ ပြန်ခွါပြီး ကပ်နိုင်ပါတယ်။
လွယ်ကူသက်သာလို့ ခုနည်းလေးကိုလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။
❤ ထာဝရဆု ❤
Salt-Dough လုပ်နည်း
Salt-Dough က Play-dough လုပ်နည်းနဲ့ဆင်ပေမယ့် ပါဝင်ပစ္စည်းနည်းသလို ချက်စရာလည်း မလိုပါဘူး။ လုပ်နည်းလေးကြည့်ရအောင်…
ဤကစားနည်းအတွက် လိုအပ်သည်များ။ ။
ဂျုံ 1 cup
ဆား 1/2 cup
ရေ 1/2 cup
ပထမဦးစွာ ဂျုံ၊ ဆား ကို ဇလုံကြီးကြီးထဲထည့်ပြီး သမ အောင် ရောပါ။ ထို့နောက် ရေကို နည်းနည်းချင်းဆီထည့်ပြီး မွှေပေးပါ။ ပုံတွင်ပြထားသည့်အတိုင်း ခပ်ခြောက်ခြောက်လေးရသွားလျှင်တော့ doughိကို ဂျုံမှုန့်ခင်းပြီး ချပါ။ ဒလိမ့်တုံးဖြင့် ပြားပြားလေးလုပ်လိုက်ရ ကစားလို့ရပါပြီ။ သမီးလေးကတော့ သူ့ကစားစရာတွေထဲက Shape လေးတွေနဲ့ salt-dough ကို ကစားပါတယ်။
အဆင့်တိုင်းမှာ ကလေးကို ပါဝင်ခိုင်းနိုင်ပါတယ်။ ကလေးတွေက အသစ်အဆန်းကြိုက်သလို လူကြီးတွေဟင်းချက်သကဲ့သို့ သူတို့ကို ဇွန်း၊ ဇလုံ တွေပေးကိုင်ရင် အင်မတန်နှစ်သက်ပါတယ်။ Shape လေးတွေကို ပုံဖော်ကစားရင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ကလေးငယ်အတွက် ပျော်ရွှင်ဖွယ်နေ့တနေ့ကို ဖန်တီးပေးရအောင်လား။
❤ ထာဝရဆု ❤
ဤကစားနည်းအတွက် လိုအပ်သည်များ။ ။
ဂျုံ 1 cup
ဆား 1/2 cup
ရေ 1/2 cup
ပထမဦးစွာ ဂျုံ၊ ဆား ကို ဇလုံကြီးကြီးထဲထည့်ပြီး သမ အောင် ရောပါ။ ထို့နောက် ရေကို နည်းနည်းချင်းဆီထည့်ပြီး မွှေပေးပါ။ ပုံတွင်ပြထားသည့်အတိုင်း ခပ်ခြောက်ခြောက်လေးရသွားလျှင်တော့ doughိကို ဂျုံမှုန့်ခင်းပြီး ချပါ။ ဒလိမ့်တုံးဖြင့် ပြားပြားလေးလုပ်လိုက်ရ ကစားလို့ရပါပြီ။ သမီးလေးကတော့ သူ့ကစားစရာတွေထဲက Shape လေးတွေနဲ့ salt-dough ကို ကစားပါတယ်။
အဆင့်တိုင်းမှာ ကလေးကို ပါဝင်ခိုင်းနိုင်ပါတယ်။ ကလေးတွေက အသစ်အဆန်းကြိုက်သလို လူကြီးတွေဟင်းချက်သကဲ့သို့ သူတို့ကို ဇွန်း၊ ဇလုံ တွေပေးကိုင်ရင် အင်မတန်နှစ်သက်ပါတယ်။ Shape လေးတွေကို ပုံဖော်ကစားရင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ကလေးငယ်အတွက် ပျော်ရွှင်ဖွယ်နေ့တနေ့ကို ဖန်တီးပေးရအောင်လား။
❤ ထာဝရဆု ❤
Salt-Dough နဲ့ Christmas Ornaments လေးတွေလုပ်ကြရအောင်
ဒီနေ့တော့ Salt-dough နဲ့ပဲ ကစားနည်း တခု ကစားကြပါတယ်။ ကစားတယ်ဆိုပေမယ့် ကလေးရဲ့ လက်မှုလေးတွေကို သိမ်းထားနိုင်တဲ့ နည်းတခုဆိုလည်း မမှားပါဘူး။ နိုဝင်ဘာလကုန် ဒီဇင်ဘာလရောက်ခါနီးမို့ ခရစ်စမတ်မှာအသုံးဝင်မယ့် ဒီနည်းလေးကိုမျှဝေပေးလိုက်ပါတယ်။ ကိုယ်တိုင်လုပ် ornament လေးတွေလုပ်နည်းကိုကြည့်ရအောင်…

Salt-dough ကို မုန့်ဖုတ်စက္ကူခင်း၍ ချပြီး ဒလိမ့်တုံးဖြင့် ညီညာစွာ ၁/၄ လက်မခန့် ပြန့်ပြန့်လေးလုပ်ပါ။ ပြီးလျှင် ကွတ်ကီး ဖျက်တဲ့ ပုံစံခွက်လေးများဖြင့် လိုချင်သော ပုံစံကို ဖျက်တောက်ပါ။ ornaments လေးတွေကို ချိတ်ဆွဲနိုင်ဖို့အတွက် ပိုက် ဖြင့် အပေါက်ဖောက်ပေးပါ။ ပြီးလျှင်တော့ ဘေးမှပိုနေသော dough များကို ဖယ်ပြီး ဗန်းထဲထည့်ကာ ၂၀၀ ဒီဂရီဖြင့် ၃ ၄ နာရီကြာအောင် ဖုတ်ပေးပါ။ ကျောက်ခဲကဲ့သို့မာသွားရင်တော့ ရပါပြီ။ ရလာသော ornament များကို အအေးခံပြီး acrylic paint နဲ့ ဆေးရောင်ခြယ်ပြီး အခြောက်ခံပါ။ ဖဲကြိုးအနီရောင်သေးသေးလေး (သို့) ရွှေရောင်ကြိုးလေးနဲ့ ornament တွင် အပေါက်ဖေါက်ထားတဲ့နေရာမှ လျှိုသွင်းချည်လိုက်လျှင်တော့ လှပပြီး ကလေးကိုယ်တိုင်လုပ်တဲ့ ornament များရမှာဖြစ်ပါတယ်။ ဒီနည်းနဲ့ ပြုလုပ်ထားတဲ့ ornament လေးတွေက အချိန်နည်းနည်းကြာပေမယ့် နှစ်ရှည်ခံလို့ လက်ဆောင်ပေးလို့ကောင်းသလို အိမ်မှာအလှချိတ်လို့လည်းကောင်းပါတယ်။
အာဗန်မရှိပေမယ့် ပူတဲ့နေရာမှာနေတဲ့သူတွေအတွက်ကတော့ salt-dough နဲ့ လုပ်ထားတဲ့ ornaments လေးတွေကို ခင်းပြီး လေသလပ်ခံထားလည်းရပါတယ်။ ဒီနည်းက နည်းနည်းတော့ ရက်အတန်ကြာအချိန်ယူရပါလိမ့်မယ်။

[Salt-dough လုပ်နည်း မသိသေးသူများ ဒီမှာ ပြန်ကြည့်နိုင်ပါသည်]
❤ ထာဝရဆု ❤
ပန်းပွင့်ပုံလေးတွေ လုပ်တန်း ကစားကြရအောင်
လိုအပ်တဲ့ ပစ္စည်းများ။ ။ Tissue paper (wrap paper), pipe cleaner နှင့် ကတ်ကြေး
၁) ဦးစွာ တစ်ရှူးစာရွက် လေးရွက် (အရွက်ရေများလျှင် ပန်းလေးက ၀င့်ဝင့်ကားကားလေးပိုလှပါတယ်) ကို ထပ်ပြီး အကော်ဒီယံ ကောက်နည်းနဲ့ ညီညီညာညာလေး ခေါက်ပေးပါ။
၂) ဘေးအနား နှစ်ဘက်ကို လိုချင်သော ပန်းပုံအတိုင်း အ၀ိုက် (သို့) အချွန် လေးညှပ်ပေးပါ။
၃) အလယ်မှ ချိုးပြီး pipe cleaner လေးနဲ့ ချည်လိုက်ပါ။
၎) ညာဘက်မှ တစ်ရှူးစာရွက် တရွက်ချင်းစီကို အလယ်ဗဟိုသို့ စုပေးပါ။ ဘယ်ဘက်ကိုလည်း ထိုနည်းအတိုင်းစုပေးလိုက်ရင် လှပသော ပန်းလေးတပွင့်ရပါပြီ။
မညှိုးနွမ်းသောပန်းကလေးမို့ အရောင်စုံလုပ်ကာ ကလေးတွေ စိတ်ကြိုက် ကစားလို့ရသလို အိမ်တွင်လည်း အလှဆင်ရာမှာ သုံးလို့ရပါတယ်။
❤ ထာဝရဆု ❤
B is for Butterfly
ဒီနေ့တော့ သမီးကို alphabet လေးတွေဆီ ပြန်လှည့်ပြီး ကစားနည်းလေး တခုလုပ်ပေးလိုက်တယ်။ ကလေးတွေအတွက် A to Z ဆိုဖို့ က မခက်ပေမယ့် ဘယ်စာလုံးက ဘယ်ပုံသဏ္ဌာန်လေးတွေဆိုတာကို မှတ်မိလွယ်အောင် သင်ပေးဖို့ ဒီကစားနည်းလေးက အထောက်အကူပြုမယ်ထင်တယ်။
၁) လိုအပ်တဲ့ ပစ္စည်များကတော့ ရောင်စုံစက္ကူ အမည်း၊ အ၀ါနု (နှစ်သက်ရာ နောက်ခံ)၊ ဘီပုံသဏ္ဌာန် လိပ်ပြာ၊ ကော်၊ ကတ်ကြေးနှင့် ရောင်စုံ ဆော့ပန်များ ဖြစ်ပါတယ်။
၂) စက္ကူအမည်းနဲ့ လိပ်ပြာပုံကို ညှပ်ပါ။ ပြီး ကော်သုတ်ပြီး နောက်ခံစက္ကူမှာ ကပ်ပါ။
၃) ကလေးကိုပေးပြီး လိပ်ပြာတောင်ပံကို စိတ်ကြိုက် အရောင်ခြယ်ပါစေ။
လှပတဲ့ ဘီပုံသဏ္ဌာန်လေးရပါပြီ။ စာရေးမသင်ခင် ကလေးတွေ မှတ်မိလွယ်မယ့် ပုံလေးတွေ ဖန်တီးပေးရင်း ပျော်ရွှင်ဖွယ်အချိန်များ ဖန်းတီးပေးကြပါစို့။
❤ ထာဝရဆု ❤
ဆန်းဆန်းပြားပြား ကျောက်ခဲလေးတွေနဲ့ ပန်းချီဆွဲကြရအောင်
ဒီတခါတော့ စုပ်တံတွေ၊ လက်တွေနဲ့ ပန်းချီမဆွဲဘဲ နောက်နည်းလေး တခုကို ကြည့်ရအောင်။ အိမ်မှာ ရှိတဲ့ ပစ္စည်းတော်တော်များများကို အသုံးချလို့ရလို့ ကုန်ကျစရိတ် သက်သာမယ့် နည်းတမျိုးပါပဲ။
၁) လိုအပ်သော ပစ္စည်းများကတော့ စာရွက်အဖြူ၊ ပန်းချီဆေး (နှစ်သက်ရာအရောင်များ)၊ ကျောက်ခဲလေးများနှင့် ဘူးတခုပဲဖြစ်ပါတယ်။
၂) ဦးစွာ စာရွက်ကို ဘူးထဲတွင်ခင်းပါ။ ကျောက်ခဲတလုံးစီကို နှစ်သက်ရာ အရောင်ဆေးလေးတွေ သုတ်ပါပြီး ဘူးထဲထည့်ပါ။
၃) ဘူး အဖုံးပိတ်၊ ကလေးကို ဘူးပေးပြီး စိတ်ကြိုက် လှုပ်ခိုင်းပါ။
၎) ဒါဆိုရင်တော့ လက်တွေပေခြင်းကင်းတဲ့ ပန်းချီကားလေး တချပ်ရပါပြီ။
ပထမ ပန်းချီကားက အနီ၊ အ၀ါ၊ အပြာ၊ အစိမ်း စပ်ထားတာပါ။ နောက်တခုကတော့ ပန်းရောင်၊ အ၀ါ၊ အပြာ နှင့် အဖြူပါ။
❤ ထာဝရဆု ❤
C is for Caterpillar
အပျော်ခရီးထွက်တာဖြစ်ပေမယ့် ပြန်ရောက်ကတည်းက ခရီးပန်းပြီး အလုပ်ကသိပ်မတွင်ဘူးဖြစ်နေတယ်။ ဒီမနက်တော့ သမီးကလည်း ကစားချင်တယ်ဆိုတာနဲ့ alphabet လေးစ ကစားဖြစ်တယ်။
၁) လိုအပ်တဲ့ ပစ္စည်များကတော့ ရောင်စုံစက္ကူ အရောင်စုံ၊ ခဲတံ၊ ကော်၊ ကတ်ကြေး၊ pipe cleaner နှင့် မျက်လုံးနှစ်လုံး [googly eyes] ဖြစ်ပါတယ်။ ရောင်စုံစက္ကူ အ၀ါရောင်ဖြင့် C ပုံ ညှပ်ပါ။ ကျန် အရောင်စုံဖြင့် စက်ဝိုင်းသေးလေး ၉ ခု ညှပ်ထားပါ။
၂) pipe cleaner ကို အလည်မှဖြတ်၍ C ပုံအောက်တွင်ထားပြီး နောက်ခံ စက္ကူ အမည်းပေါ်တွင်ကပ်ပါ။
၃) စက်ဝိုင်းလေးများကို စီပြီးကပ်ပေးပါ။ မျက်လုံးလေးတပ်ပြီး ပါးစပ်ပုံလေးဆွဲေးလိုက်ရင် ချစ်စရာကောင်းတဲ့ ပိုးတုံးလုံးလေးရပါပြီ။ မျက်လုံး အဆင်သင့်မရှိလျှင် စက္ကူ အမည်းနှင့် အဖြူဖြင့် အစားထိုး လုပ်ပေးနိုင်ပါတယ်။
❤ ထာဝရဆု ❤
စက္ကူနဲ့ ပိုးတုံးလုံးလေးလုပ်ကြရအောင်
ပိုးတုံးလေးလုပ်ဖို့ ရောင်စုံစက္ကူ အရောင်စုံ၊ ကပ်ကြေး၊ ကော်၊ မျက်လုံးနှစ်လုံး၊ pipe cleaner ၂ခု နှင့် pompom ၁ခု တို့ပဲဖြစ်ပါတယ်။
ရောင်စုံစက္ကူလေးတွေကို စက်ဝိုင်းလေးတွေ ၁၈ခု အခု ၂၀လောက် ညှပ်ထားပါ။ နောက် စက်ဝိုင်းအလယ်မှ အပေါက်သေးသေးလေး ဖောက်ပေးပါ။ ပြီးလျှင် ကလေးကို pipe cleaner ထဲသို့ လျှိုသွင်းခိုင်းပါ။ ရှေ့ဆုံး စက်ဝိုင်းတွင် ကော်သုတ်ပြီး pipe cleaner ကို အလယ်မှ ချိုး၊ ထိပ်တွင် အလိမ်လေးလုပ်ပြီးကပ်ပါ။ နောက် pompom (မြန်မာလို ဘယ်လိုခေါ်လည်း မသိလို့ပါ) ကပ်ပါ။ မျက်လုံးနှစ်လုံး တပ်လိုက်လျှင် စက္ကူ ပိုးတုံးလုံးလေး ရပါပြီ။
❤ ထာဝရဆု ❤
အရောင်လေးတွေခွဲခြားနည်းလေး ကစားကြည့်ရအောင်
ဒီကစားနည်းအတွက် pompom ရောင်စုံ၊ တိပ်၊ ပေတံ၊ ဇလုံခပ်ကြီးကြီး တစ်ခု၊ ခဲတံ နှင့် စာရွက် ကြီးကြီး တခုပဲ လိုအပ်ပါတယ်။
ဦးစွာ စာရွက်ကြီးကြီးကို စားပွဲပေါ်တွင်ကပ်ပါ။ pompom အရောင် ခုနှစ်မျိုးရှိလို့ ခုနှစ်လိုင်းဆွဲပါတယ်။ အပေါ်တွင် pompom တခုစီကို တိပ်ဖြင့်ကပ်ပါ။ ထို့နောက် ကလေးကို pompom အရောင်စုံ ရောထည့်ထားသော ဇလုံကို ပေးပြီး တူရာ အရောင်ကိုရွေးပြီး စီခိုင်းပါ။
သမီးကတော့ ဒီကစားနည်းကို အင်မတန်နှစ်သက်ပါတယ်။ ကလေးကို ခဏတာ ဒီကစားနည်းလေးနဲ့ အလုပ်ရှုပ်နေစဉ် မေမေတွေလည်း ဟင်းချက် အိမ်အလုပ်လုပ်နိုင်တာပေါ့။
ဒီပို့စ်ကို ကြိုက်ရင် Like, Share, Comment လေးတွေ လုပ်ပေးအုံးနော်။
❤ ထာဝရဆု ❤
ကလေး အရွယ်မရွေးကစားနိုင်သော Finger Paint လုပ်နည်း
Finger Paintကို လုပ်ရတာ လွယ်ကူသလို လိုအပ်တဲ့ပစ္စည်းကလည်း မိမိမီးဖိုခန်းထဲတွင် အလွယ်တကူရှိနိုင်သော ပစ္စည်းများဖြစ်ပါတယ်။ ဘာပစ္စည်းတွေလိုလဲ ကြည့်ရအောင်
ပြောင်းဖူးကော်မှုန့် ၁ခွက်
ရေ ၃ခွက်
အစားအစာ အရောင်ဆိုးဆေး တို့ပဲဖြစ်ပါတယ်။
ပထမဦးစွာ အိုးတအိုးထဲတွင် ပြောင်းဖူးကော်မှုန့်နှင့် ရေကို ရောပေးပါ။ နောက် မီးမျှင်းမျှင်းလေးဖြင့် ကြိုပေးပါ။ အဆက်မပြတ်တော့ မွှေပေးနေရပါမည်။ ခပ်စီးစီးလေးဖြစ်လာလျှင်တော့ အအေးခံထားပါ။ ပြီး လုပ်မည့်အရောင်ပေါ်မူတည်ပြီး ခွက် (သို့) ဗူးလေးထဲ ခွဲထည့်ပါ။ သိမ်းထားချင်သည်ဆိုလျှင်တော့ လေလုံဗူးလေးများဖြင့်ထည့်ထားပါ။ အရောင်ဆိုးဆေး အနည်းငယ်ထည့်ပြီး မွှေပေးလိုက် လျှင်တော့ Finger Paint ရပါပြီ။
ဤနည်းသည် လွယ်ကူသက်သာပြီး စားလျှင်လည်း ဘေးဥပဒ်မဖြစ်နိုင်သောကြောင့် လသားအရွယ်ကလေးမှစ၍ အရွယ်စုံကလေးများကို စိတ်ချစွာပေးကစားနိုင်မှာဖြစ်ပါတယ်။
မိမိရင်သွေးနှင့်ပျော်ရွှင်စွာ ကစားနိုင်ကြပါစေ။
❤ ထာဝရဆု ❤
စက္ကူနဲ့ နှင်းပွင့်လေးတွေ လုပ်ကြည့်ရအောင်
လိုအပ်တဲ့ပစ္စည်းက စာရွက်နှင့် ကတ်ကြေးထက်ထက်တစ်လက် ပါပဲ။
၁။ စာရွက်ကို တြိဂံပုံခေါက်ပါ။
၂။ ထပ်၍ တြိဂံပုံခေါက်ပါ။ အောက်တွင် ပိုနေသော အပိုင်းကို ညှပ်ပစ်ပါ။
၃။ ၆၀ ဒီဂရီစောင်းခေါက်ပါ။ ကျန်တဖက်ကိုလည်း ထပ်၍ ခေါက်ပါ။ ပိုထွက်နေသော အချွန်အပိုင်းလေး နှစ်ခုကို ညှပ်ပစ်ပါ။
၎။ ကတ်ကြေးနဲ့ စိတ်ကြိုက် ညှပ်ပါ။
၅။ ခေါက်ထားသည်ကို ဖြေးညှင်းစွာ ဖြေလိုက်လျှင်တော့ လှပတဲ့ နှင်းပွင့်လေးရပါပြီ။
၆။ ပြန့်သွားအောင် မီးပူတိုက် (သို့) စာအုပ်ထူထူကြားထဲတွင် ညှပ်ထားပေးပါ။
အိမ်တွင်းမှာ နှင်းကျသလို အလှဆင်ချင်ရင်တော့ အပ်ချည်ကြိုးအဖြူလေးနှင့် ဆွဲကာ မျက်နှာကျက် (သို့) မှန်ပြတင်းပေါက်မှာ ကပ်လိုက်ယုံပါပဲ။
မိမိရင်သွေးနှင့်ပျော်ရွှင်စွာ ကစားနိုင်ကြပါစေ။
❤ ထာဝရဆု ❤
ကော်ပန်းချီကားလေး ဖန်တီးကြမယ်
ကစားနည်းအသစ်တွေမတင်တာ အတော်ကြာနေပြီနော်။ ဒီနေ့တော့ လွယ်ကူပြီး အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့တင် ကစားနိုင်မယ့် ကစားနည်းလေးကို မျှဝေချင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကျောင်းသုံး ကော်၊ စာရွက် နှင့် ပန်းချီဆေးပဲဖြစ်ပါတယ်။
စာရွက်ပေါ်မှာ ကိုယ်လိုချင်တဲ့ ပုံကို အရင်ဆွဲနိုင်ပါတယ်။ ပြီးမှ ကော်နဲ့လိုက်ပုံဖော်ပါ။ ရန်ကုန်မှာ 3D ကော်ဆိုပြီး ရောင်းတာကို သုံးလဲရတယ်နော်။ ကျွန်မသမီးကတော့ ငယ်သေးတော့ ပုံအတိုင်းလိုက်မဆွဲတော့ပဲ ဖရီးဟန်း ကော်နဲ့ စိတ်ကြိုက် ပုံဖော်ပါတယ် ပြီးလျှင် ကော်ခြောက်အောင် တညလောက် သိပ်ပေးပါ။ နောက်ရက် ကော်ခြောက်သွားလျှင်တော့ နှစ်သက်ရာ အရောင်နှင့် စာရွက် တရွက်လုံးအပြည့် ဆေးခြယ်ပါ။ ဆေးခြောက်အောင် အခြောက်ခံထားပါ။ ဒီလိုဆိုလျှင်တော့ လှပတဲ့ ကော်ပန်းချီကားလေးရပါပြီ။
ပိတ်ရက်မှာ မိသားစုနဲ့ ပျော်ရွှင်နိုင်ကြပါစေ။
❤ ထာဝရဆု ❤
Please, Thank you, Sorry ဆိုတဲ့ စကားလုံးလေးတွေ.....
ကျွန်မသမီးကြီးက သူ့မေမေကို သိပ်ချစ်ပါတယ်။ မေမေ့ဗိုက်ထဲမှာရှိကတည်းက သမီးရေ မေမေစိတ်ပူတယ် လှုပ်ပြဆို လှုပ်ပြတယ်။ သူ့အဖေပြန်ပြီ သွားကြိုရအောင်ဆို အင်မတန်ပျော်ပြီးလှုပ်တယ်။ သမီးကြီးက မေမေ့စကားကို ဗိုက်ထဲမှာထဲက နားထောင်ခဲ့ပုံရတယ်။ သူစကားပြောတတ်စမှာ သမီးလေး နာမည် ဘယ်လိုခေါ်လဲဆိုတော့ princess တဲ့။ ဟုတ်ဘူးလေ သမီးကို မေမေတို့ပေးထားတဲ့နာမည်က အဲဒါဟုတ်ဘူး။ သမီးလေးကို ချစ်လို့ပေးထားတဲ့ နာမည်ကိုပဲ ပြောရမယ်နော်လို့ တခါပြောလိုက်ကတည်းက နောက်ဘယ်အခါမေးမေး သူ့နာမည်သာ ပြောပါတော့တယ်။
နောက် သူ့မှာ ချစ်စရာ အကျင့်လေးတခုရှိပါတယ်။ အဲဒါကတော့ 'Thank you' 'Sorry' 'Please' ဆိုတာလေးတွေ အမြဲပြောတဲ့ အကျင့်ပါ။ သူ့ကို ဘာပေးပေး ကျေးဇူးတင်တယ်ဆိုတာ သူပြောတယ်။ သူမလိုချင်ရင်တောင် နိုး သိုက်စ်ယူ ပြောပါတယ်။ သူဘယ်တော့မှ မမေ့ဘူး။ တခုခု အမှားလုပ်မိလို့ရှိရင် ဆောရီးပြောမို့ ၀င်မလေးဘူး။ သူလိုချင်တာလေးတွေ တောင်းရင် please ထည့်ပြီး ပြောတတ်တယ်။
ကလေးတွေ ငယ်ရွယ်စဉ်မှာ ကြိမ်ဖန်များစွာ ပြုလုပ်တာလေးတွေက အကျင့်လေးတွေဖြစ်သွားမယ်ဆိုရင် ဒီအကျင့်ကောင်းလေးကို တသက်လုံး ပါသွားစေချင်တယ်။
လိမ္မာရင်ကျေးသော သားသားမီးမီးလေးများ ဖြစ်ပါစေ။
❤ ထာဝရဆု ❤
သမီးကြီး ဆေးခန်းသို့ အလည်တစ်ခေါက်....
သမီးကြီးက တီဗီသိပ်ကြိုက်တယ်။ သူကြည့်တဲ့ ကာတွန်းကားတွေထဲကနေ သင်ယူစရာအများကြီး မှတ်ယူနေခဲ့တယ်။ သူ့ကို သေချာမသင်ပေးပဲနဲ့ အင်္ဂလိပ်လို ကောင်းကောင်းကြီး ပြောတတ်နေပြီ။ သူပြောလိုက်တဲ့ စကားတွေကို တခါတခါ ကိုယ်တောင် အံသြော် ရယ်မောရတယ်။ ကောင်းတာရှိသလို ဆိုးတာလည်း တဘက်မှာရှိတာပေါ့။ သမီးက ကြည့်တာများလာတာနဲ့အမျှ တခါတခါ အာရုံစိုက်ကြည့်ရင် မျက်မှောင်ကုတ်ကုတ်သွားတယ်။ အသိတွေကလည်း သတိပေးလာတယ်။ သမီးကို မျက်စိဆရာဝန်ပြကြည့်ပေါ့။ မွေးတုန်းကလည်း ညှပ်နဲ့မွေးထားတာဆိုတော့ များသောအားဖြင့် မျက်စိထိတတ်တယ်လို့ ပြောလာကြတော့ သမီးဆရာဝန်ကိုပြောပြီး မျက်စိဆရာဝန်နဲ့ ရက်ချိန်းယူသွားပြခဲ့တယ်။
သမီးအလှည့်ရောက်ဖို့ စောင့်ရင်း သမီးများ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တက်ရရင်ဆိုပြီး စိုးရိမ်နေတာပေါ့။ သမီးနာမည်ခေါ်တော့ အခန်းထဲ ကျွန်မနဲ့ သမီးကြီး ၀င်သွားတော့ ဆရာဝန်မက သမီးကို မျက်စိစမ်းမယ့်ခုံထိုင်ပေါ့။ ကျွန်မက သမီးဘေးရပ်နေတော့ အနားမှာ မနေနဲ့တဲ့ ဘေးက အပိုခုံမှာ ထိုင်ခိုင်းတယ်။ အမှန်က သုံးနှစ်သာရှိသေးတဲ့ သမီးကြောက်မှာစိုးတာရယ်၊ သူမပြောတတ် မဆိုတတ်ရင် ဘယ့်နှယ်လုပ်မလဲဆိုပြီး စိတ်ပူစွာနဲ့ ကိုယ်က အနားသွားနေခဲ့တာ။ စစစ်တဲ့ အခါကြတော့ ဆရာဝန်မက ကလေးရေ တီဗီမှာ ပေါ်တဲ့ အရုပ်လေးတွေကို တွေ့ရင် ဘာဆိုတာပြောနော် ဆိုပြီး ပြောခိုင်းတယ်။ သမီးက မြင်သမျှ အမှားမရှိ ပြန်ပြောတယ်။ အရုပ်အကြီးကနေ တဖြေးဖြေးသေးသွားပေမယ့် သူပြောတာတွေက မှန်နေတုန်းပဲ။ နောက် ကလေးကို အားလုံးမှန်တယ်နော်ဆိုပြီး စတေကာပေးမယ်ဆိုပြီး ဆရာဝန်မက သမီးလက်မှာ သူ့အကြိုက်ရွေးခိုင်းပြီး စတေကာလေးတွေ ကပ်ပေးလိုက်တယ်။ ပြီး မျက်စဉ်းလေးခပ်ပေးလိုက်ပြီး ခဏထပ်စောင့်ပေါ့။ နောက် အချိန်ရောက်တော့ ထပ်ခေါ်ပြီး ကွန်ပြူတာနဲ့ မျက်စိထပ်စစ်ပေးတယ်။ သမီးမှာ ဘာပါဝါမှ မရှိဘူး။ အားလုံးကောင်းတယ်တဲ့။ ကဲ အားလုံးပြီးတော့ သမီးအတွက် စတေကာဆိုပြီး ထပ်ကပ်ပေးတယ်။ မျက်မှန်မလိုဘူးလို့ပြောလို့ ၀မ်းသာလိုက်ရတာ။
ကျွန်မတို့ ငယ်ငယ်က ဆေးခန်းသွားတာနဲ့တော့ ကွာသွားတာပေါ့။ သူဗိုက်အောင့်လို့လာပြတာ... အဖျားရှိတယ်ထင်တယ်... ဘာညာ... အမေက ရှေ့ကနေ အားလုံးပြောပေးနေခဲ့တာ။ အခုနေ အမေနဲ့ နေခဲ့ရင်တောင် ဆေးခန်းသွားရင် ဘာဖြစ်တယ်ဆိုတာ အမေက ရှေ့ကနေပြောပေးနေအုံးမှာ။ ဒီမှာက ကလေးဘယ်လောက်ငယ်ငယ် စကားစပြောတတ်တဲ့ အရွယ်ရောက်ပြီဆိုတာနဲ့ မိဘဆိုတာ ဆေးခန်းလိုက်ပို့တဲ့ အဖော်သာဖြစ်သွားရော။ ဆရာဝန်က ကလေးကိုသာ ဘာဖြစ်လဲ ဘယ်လိုဖြစ်လဲ ဆိုတာ အသေအချာမေးကြတယ်။ ကလေးကိုကြည့်တဲ့ ဆရာဝန်တိုင်းလိုလို (ကိုယ်တွေ့ရ သလောက်) စိတ်ရှည်ရှည်နဲ့ ကလေးနဲ့ စကားပြောဖို့ အချိန်ပေးကြတယ်။ ကလေးနားလည်အောင် ပြောကြတယ်။ ကလေးဘာကြိုက်လဲ ဘာလဲ အလာပ သလာပ စကားလေးတွေပြောဖို့ အချိန်ရှိတယ်။ နောက် ဆေးခန်းဆိုတာ ကြောက်စရာနေရာ မဖြစ်ရအောင် ကလေးတိုင်းလိုလိုအကြိုက်ဖြစ် တဲ့ သကြားလုံး၊ ပုံဆွဲစာအုပ်၊ စတေကာလေးတွေပေးဖို့ သူတို့မှာ အသင့်ရှိနေကြတယ်။ ကလေးတွေကို ငယ်ငယ်ကတည်းက ကိုယ့်အားကိုယ်ကိုးအောင် ကိုယ်ဘာဖြစ်တယ်ဆိုတာ ပြောတတ်အောင် သင်ပေးတဲ့ ထိုသို့အကြောင်းများကြောင့်လဲ ဤနေရပ်သည် ကျေးဇူးတင်ထိုက်လာပေသည်။
❤ ထာဝရဆု ❤
သမီးအလှည့်ရောက်ဖို့ စောင့်ရင်း သမီးများ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တက်ရရင်ဆိုပြီး စိုးရိမ်နေတာပေါ့။ သမီးနာမည်ခေါ်တော့ အခန်းထဲ ကျွန်မနဲ့ သမီးကြီး ၀င်သွားတော့ ဆရာဝန်မက သမီးကို မျက်စိစမ်းမယ့်ခုံထိုင်ပေါ့။ ကျွန်မက သမီးဘေးရပ်နေတော့ အနားမှာ မနေနဲ့တဲ့ ဘေးက အပိုခုံမှာ ထိုင်ခိုင်းတယ်။ အမှန်က သုံးနှစ်သာရှိသေးတဲ့ သမီးကြောက်မှာစိုးတာရယ်၊ သူမပြောတတ် မဆိုတတ်ရင် ဘယ့်နှယ်လုပ်မလဲဆိုပြီး စိတ်ပူစွာနဲ့ ကိုယ်က အနားသွားနေခဲ့တာ။ စစစ်တဲ့ အခါကြတော့ ဆရာဝန်မက ကလေးရေ တီဗီမှာ ပေါ်တဲ့ အရုပ်လေးတွေကို တွေ့ရင် ဘာဆိုတာပြောနော် ဆိုပြီး ပြောခိုင်းတယ်။ သမီးက မြင်သမျှ အမှားမရှိ ပြန်ပြောတယ်။ အရုပ်အကြီးကနေ တဖြေးဖြေးသေးသွားပေမယ့် သူပြောတာတွေက မှန်နေတုန်းပဲ။ နောက် ကလေးကို အားလုံးမှန်တယ်နော်ဆိုပြီး စတေကာပေးမယ်ဆိုပြီး ဆရာဝန်မက သမီးလက်မှာ သူ့အကြိုက်ရွေးခိုင်းပြီး စတေကာလေးတွေ ကပ်ပေးလိုက်တယ်။ ပြီး မျက်စဉ်းလေးခပ်ပေးလိုက်ပြီး ခဏထပ်စောင့်ပေါ့။ နောက် အချိန်ရောက်တော့ ထပ်ခေါ်ပြီး ကွန်ပြူတာနဲ့ မျက်စိထပ်စစ်ပေးတယ်။ သမီးမှာ ဘာပါဝါမှ မရှိဘူး။ အားလုံးကောင်းတယ်တဲ့။ ကဲ အားလုံးပြီးတော့ သမီးအတွက် စတေကာဆိုပြီး ထပ်ကပ်ပေးတယ်။ မျက်မှန်မလိုဘူးလို့ပြောလို့
ကျွန်မတို့ ငယ်ငယ်က ဆေးခန်းသွားတာနဲ့တော့ ကွာသွားတာပေါ့။ သူဗိုက်အောင့်လို့လာပြတာ... အဖျားရှိတယ်ထင်တယ်... ဘာညာ... အမေက ရှေ့ကနေ အားလုံးပြောပေးနေခဲ့တာ။ အခုနေ အမေနဲ့ နေခဲ့ရင်တောင် ဆေးခန်းသွားရင် ဘာဖြစ်တယ်ဆိုတာ အမေက ရှေ့ကနေပြောပေးနေအုံးမှာ။ ဒီမှာက ကလေးဘယ်လောက်ငယ်ငယ် စကားစပြောတတ်တဲ့ အရွယ်ရောက်ပြီဆိုတာနဲ့ မိဘဆိုတာ ဆေးခန်းလိုက်ပို့တဲ့ အဖော်သာဖြစ်သွားရော။ ဆရာဝန်က ကလေးကိုသာ ဘာဖြစ်လဲ ဘယ်လိုဖြစ်လဲ ဆိုတာ အသေအချာမေးကြတယ်။ ကလေးကိုကြည့်တဲ့ ဆရာဝန်တိုင်းလိုလို (ကိုယ်တွေ့ရ သလောက်) စိတ်ရှည်ရှည်နဲ့ ကလေးနဲ့ စကားပြောဖို့ အချိန်ပေးကြတယ်။ ကလေးနားလည်အောင် ပြောကြတယ်။ ကလေးဘာကြိုက်လဲ ဘာလဲ အလာပ သလာပ စကားလေးတွေပြောဖို့ အချိန်ရှိတယ်။ နောက် ဆေးခန်းဆိုတာ ကြောက်စရာနေရာ မဖြစ်ရအောင် ကလေးတိုင်းလိုလိုအကြိုက်ဖြစ်
❤ ထာဝရဆု ❤
ကလေး ၂ နှစ်ကျော်အထိ စကားမပြော နောက်ကျနေလျှင်......
ကလေး၂နှစ်ကျော်အထိ စကားမပြောလို့ စိတ်မကောင်းဖြစ်နေတဲ့ သူငယ်ချင်းတို့ရေ.... တချို့ကလေးတွေက စောစီးစွာ စကားစပြောပေမယ့် တချို့က နောက်ကျတတ်ပါတယ်။ ကလေးတယောက်နဲ့ တယောက်က ဘယ်လိုမှ မတူညီနိုင်ပါ။ ကိုယ့်ကလေး ၂နှစ်ကျော်အထိ စကားလုံး အနည်းငယ်ပဲပြောတာ (သို့) လုံးဝမပြောသေးတာ ဘာကြောင့်လဲလို့ စဉ်းစားမယ်ဆိုရင် အရင်ဆုံး ကိုယ်နဲ့ ကိုယ့်ခင်ပွန်း ငယ်ငယ်တုန်းက ဘယ်အရွယ်မှာ စကားပြောလဲ။ စကားပြောနောက်ကျခဲ့လား။ တခြား မိသားစုဝင်တွေထဲမှာရော စကားပြောနောက်အကျဆုံးက ဘယ်အရွယ်လောက်လဲ။ စတဲ့ မျိုးရိုးစဉ်ဆက်ကို အရင်ဆုံး လေ့လာရပါမယ်။ နောက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကလေးစကားပြော တိုးတက်မှုကို စောင့်ကြည့် အကဲခတ်ဖို့ လိုအပ်ပါလိမ့်မယ်။ နောက်တခုကတော့ အိမ်မှာ ဘာသာစကား ဘယ်နှစ်မျိုးပြောပါသလဲ။ ဘာသာစကား နှစ်ခုထက်ပိုတဲ့အခါ ကလေးအတွက် စပြီး စကားစ ပြောဖို့ အချိန်ပေးရတတ်ပါတယ်။
စစပြောချင်း တလုံးစ နှစ်လုံးစကနေ နောက် စာကြောင်းတွေ ပြောလာနိုင်မယ်။ အဲလို ပြောလာနိုင်ဖို့ကို မလောပါနဲ့။ အရင်ဆုံး အိမ်မှာ ကလေးကို စာလုံးတွေကနေ စပြီး သင်ပေးပါ။ တခုခုလိုချင်လို့ တောင်းတဲ့အခါမှာ ကလေးက စကားမပြောပဲ လက်နဲ့ပဲ ညွှန်ပြမယ် (သို့) အီးအီးအားအား လို့ပဲ ဖြစ်နေမယ်ဆိုရင် ချက်ချင်း မလုပ်ပေးလိုက်ပါနဲ့အုံး။ ဘာလို့ခုလိုပြောရလဲဆိုရင် ကလေးနဲ့အတူနေပါများတော့ သူလိုချင်တာကို မိခင်တွေက ချက်ချင်းသိနိုင်လို့ပါပဲ။ အကယ်လို့ ရေသောက်ချင်တယ်ဆိုပြီး လက်ညိုးထိုးပြနေမယ်ဆိုရင် "ရေသောက်ချင်လို့လား" လို့ မေးလိုက်ပါ။ ကလေးက ခေါင်းညိတ်ပြမယ်ဆိုရင် " ဟုတ်၊ ရေ၊ မေမေ" လို့ပြောခိုင်းပြီး ခဏစောင့်ပါ။ ကလေးက လိုက်မပြောရင် ထပ်ပြီး ကြိုးစားပြောဖို့ အားပေးပါ။ ပြောခိုင်းတဲ့ထဲက စကားလုံးထဲက တလုံးလောက် ပြောတယ်ဆိုရင်တော့ ဆုလာဘ်အနေဖြင့် သူလိုချင်တာကို ပေးလိုက်ပါ။ အဲလိုမှ မဟုတ်ဘဲ အော်ဟစ် ငိုကြွေးနေမယ်ဆိုရင်တော့ စိတ်ရှည်ရှည်ထားပြီး လိုက်ပြောဖို့ စည်းရုံးပါ။ ခုလို ကြိုးစားမှုက နာရီပိုင်းကနေ နေ့ရက်အထိ ကြာနိုင်ပါတယ်။
ကလေးနဲ့ အပြင်ထွက်မယ်ဆိုရင် လမ်းမှာ မြင်သမျှ အရာတွေကို ညွှန်ပြပြီး ဘာတွေဆိုတာ ပြောပြပါ။ ကလေးကို လိုက်ပြောခိုင်းပါ။ "ရှဥ့်လေးကို မြင်တယ်။ သား ရှဥ့်လေးကိုတွေ့လား။" "ရှဥ့်၊ ပြောကြည့်ပါအုံး" လို့ပြောခိုင်းပါ သူပြန်ပြောမှာကို စိတ်ရှည်စွာစောင့်ဆိုင်းပါ။ နောက်တနည်းကတော့... ပုံများများပါတဲ့ စာအုပ်တွေကို ဖတ်ပြတာပါ။ ဥပမာ "လိပ်ပြာလေးက ဘယ်မှာလဲ။" လို့မေးကြည့်ပါ။ သူက လက်ထောက်ပြတယ်ဆိုရင် "အဲဒါ လိပ်ပြာ။ လိပ်ပြာလို့ ပြောပါ" လို့ ပြောခိုင်းပါ။
ကလေးရဲ့ တိုးတက်မှုအတွက် ဘယ်လောက်စကားပြောလာတယ်ဆိုတာကို မှတ်တမ်းတင်ထားပါ။ ခုနည်းတွေကို မလုပ်ခင် နေ့စွဲနဲ့ ဘယ်လောက်ပြောနိုင်တယ်ဆိုတာကို မှတ်ထားရပါမယ်။ နောက် တိုးတက်လာသမျှကို ဘယ်နေ့မှာ ဘယ်လောက်အထိ ပြောလာနိုင်တယ်ဆိုပြီး ရေးမှတ်ထားပါ။ ဥပမာ၊ ဒီနေ့တော့ ရှဥ့်၊ လိပ်ပြာ၊ ရေ ပြောတယ်.... စသည်ဖြင့် မှတ်ထားခြင်းဖြင့် ကလေးရဲ့ စကားပြော တိုးတက်မှုကို စောင့်ကြည့်နိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကလေးဆရာဝန်နဲ့ ဘယ်လို speech therapy လုပ်နိုင်မယ်ဆိုတာ တိုင်ပင်ကြည့်ပါ။
မတတ်တတတ်လေး ဘာသာပြန် မှီငြမ်းရေးပေးလိုက်ပါတယ်။ အင်္ဂလိပ်လို ဖတ်ချင်ရင်တော့ ဒီမှာ ဖတ်နိုင်ပါတယ်။
❤ ထာဝရဆု ❤
စစပြောချင်း တလုံးစ နှစ်လုံးစကနေ နောက် စာကြောင်းတွေ ပြောလာနိုင်မယ်။ အဲလို ပြောလာနိုင်ဖို့ကို မလောပါနဲ့။ အရင်ဆုံး အိမ်မှာ ကလေးကို စာလုံးတွေကနေ စပြီး သင်ပေးပါ။ တခုခုလိုချင်လို့ တောင်းတဲ့အခါမှာ ကလေးက စကားမပြောပဲ လက်နဲ့ပဲ ညွှန်ပြမယ် (သို့) အီးအီးအားအား လို့ပဲ ဖြစ်နေမယ်ဆိုရင် ချက်ချင်း မလုပ်ပေးလိုက်ပါနဲ့အုံး။ ဘာလို့ခုလိုပြောရလဲဆိုရင် ကလေးနဲ့အတူနေပါများတော့ သူလိုချင်တာကို မိခင်တွေက ချက်ချင်းသိနိုင်လို့ပါပဲ။ အကယ်လို့ ရေသောက်ချင်တယ်ဆိုပြီး လက်ညိုးထိုးပြနေမယ်ဆိုရင် "ရေသောက်ချင်လို့လား" လို့ မေးလိုက်ပါ။ ကလေးက ခေါင်းညိတ်ပြမယ်ဆိုရင် " ဟုတ်၊ ရေ၊ မေမေ" လို့ပြောခိုင်းပြီး ခဏစောင့်ပါ။ ကလေးက လိုက်မပြောရင် ထပ်ပြီး ကြိုးစားပြောဖို့ အားပေးပါ။ ပြောခိုင်းတဲ့ထဲက စကားလုံးထဲက တလုံးလောက် ပြောတယ်ဆိုရင်တော့ ဆုလာဘ်အနေဖြင့် သူလိုချင်တာကို ပေးလိုက်ပါ။ အဲလိုမှ မဟုတ်ဘဲ အော်ဟစ် ငိုကြွေးနေမယ်ဆိုရင်တော့ စိတ်ရှည်ရှည်ထားပြီး လိုက်ပြောဖို့ စည်းရုံးပါ။ ခုလို ကြိုးစားမှုက နာရီပိုင်းကနေ နေ့ရက်အထိ ကြာနိုင်ပါတယ်။
ကလေးနဲ့ အပြင်ထွက်မယ်ဆိုရင် လမ်းမှာ မြင်သမျှ အရာတွေကို ညွှန်ပြပြီး ဘာတွေဆိုတာ ပြောပြပါ။ ကလေးကို လိုက်ပြောခိုင်းပါ။ "ရှဥ့်လေးကို မြင်တယ်။ သား ရှဥ့်လေးကိုတွေ့လား။" "ရှဥ့်၊ ပြောကြည့်ပါအုံး" လို့ပြောခိုင်းပါ သူပြန်ပြောမှာကို စိတ်ရှည်စွာစောင့်ဆိုင်းပါ။ နောက်တနည်းကတော့... ပုံများများပါတဲ့ စာအုပ်တွေကို ဖတ်ပြတာပါ။ ဥပမာ "လိပ်ပြာလေးက ဘယ်မှာလဲ။" လို့မေးကြည့်ပါ။ သူက လက်ထောက်ပြတယ်ဆိုရင် "အဲဒါ လိပ်ပြာ။ လိပ်ပြာလို့ ပြောပါ" လို့ ပြောခိုင်းပါ။
ကလေးရဲ့ တိုးတက်မှုအတွက် ဘယ်လောက်စကားပြောလာတယ်ဆိုတာကို
မတတ်တတတ်လေး ဘာသာပြန် မှီငြမ်းရေးပေးလိုက်ပါတယ်။ အင်္ဂလိပ်လို ဖတ်ချင်ရင်တော့ ဒီမှာ ဖတ်နိုင်ပါတယ်။
❤ ထာဝရဆု ❤
ကော် ပန်းချီလေး ရေးခြယ် ကစားကြမယ်
ဒီတပတ် ပိတ်ရက်မှာ ဘယ်မှမသွားဖြစ်တော့ ပျင်းနေတာနဲ့ သမီးတွေနဲ့ ကော်ဖြင့် ပန်းချီဆွဲတာလေးလုပ်ဖြစ်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းများ
-ကျောင်းသုံးကော်၊ အစားအစာအရောင်ဆိုးဆေး၊ ပုံဆွဲစာရွက်ပဲဖြစ်ပါတယ်။

ပထမဦးစွာ ကော်ဗူးထဲမှ ကော်များကို တ၀က်ခန့် ဗူးတဗူးထဲသို့ပြောင်းထားပါ။ ကော်တဗူးလုံး ကုန်မှာမဟုတ်လို့ဖြစ်ပါတယ်။ နောက် နှစ်သက်ရာ အရောင်ဆိုးဆေးကို ကော်ဗူးထဲအစက်ချထည့်ပါ။ ၁၀စက်ခန့်မှ ၂၀စက်ခန့်အထိ မိမိစိတ်ကြိုက်အရောင်ရအောင် ထည့်နိုင်ပါတယ်။

ကော်ဗူးအဖုံးကို လုံအောင်ပိတ်ပြီး သမအောင် လှုပ်ပေးလိုက်လျှင်တော့ အရောင်ခြယ်ဖို့ အဆင့်သင့်ဖြစ်ပါပြီ။


ပန်းချီဆရာမ မဟုတ်တော့ လက်ရာတော့ မကောင်းဘူးပေါ့နော်။ ပန်းစည်းလေးက သမီးကြီး ပူဆာလို့ လက်တန်းဆွဲပေးထားတာ။

ပျော်ရွှင်စရာ နေ့ရက်လေးဖြစ်ပါစေ။
❤ ထာဝရဆု ❤
လက်ဗွေရာလေးတွေနဲ့ သစ်ပင်
သမီးတွေက သူတို့ ဖေဖေအတွက် အမှတ်တရ လုပ်ပေးထားတဲ့ လက်ဗွေ သစ်ပင်လေးပါ။
ပထမဦးစွာ ပုံဆွဲစက္ကူမှာ သစ်ပင် ပင်စည် အကိုင်းအခက်လေးတွေကို sharpe လေးနဲ့ ဆွဲ....

ပြီး WE LOVE DADDY လို့အဆင်သင့်ရေးထားလိုက်ပါ။

သစ်ရွက်လေးတွေအဖြစ်ကတော့ ink pad လေး ပေးပြီး ကလေးတွေစိတ်ကြိုက် လက်ဗွေလေးတွေ နှိပ်ခိုင်းလိုက်ရင် လှပတဲ့ သစ်ပင်လေးရပါပြီ။

ပျော်ရွှင်ဖွယ် အချိန်လေးများ ပိုင်ဆိုင်နိုင်ပါစေ။
❤ ထာဝရဆု ❤
ပထမဦးစွာ ပုံဆွဲစက္ကူမှာ သစ်ပင် ပင်စည် အကိုင်းအခက်လေးတွေကို sharpe လေးနဲ့ ဆွဲ....


သစ်ရွက်လေးတွေအဖြစ်ကတော့ ink pad လေး ပေးပြီး ကလေးတွေစိတ်ကြိုက် လက်ဗွေလေးတွေ နှိပ်ခိုင်းလိုက်ရင် လှပတဲ့ သစ်ပင်လေးရပါပြီ။

ပျော်ရွှင်ဖွယ် အချိန်လေးများ ပိုင်ဆိုင်နိုင်ပါစေ။
❤ ထာဝရဆု ❤
ခေါက်ဆွဲခြောက် ရောင်စုံဖြင့် ကစားနည်း
ခေါက်ဆွဲခြောက် အရောင်ဆိုးနည်းကို ပြောပြပြီးပြီနော်။ မသိသေးရင် ဒီမှာ ကြည့်ပါ။
ခုတော့ အဲ ခေါက်ဆွဲခြောက်လေးတွေနဲ့ ကစားနည်းလေးများကို ပြောပြပါမယ်။
စာရွက်မှာ အရောင်မတူ ပုံမတူတဲ့ ခေါက်ဆွဲခြောက်လေးတွေကို တိပ်ဖြင့် ကပ်ပါ။ ဆေးဆိုးထားတဲ့ ခေါက်ဆွဲခြောက်တွေကို ဇလုံတခုထဲထည့်ပါ။

ပထမနည်း - အရောင်တူ ခေါက်ဆွဲခြောက်လေးတွေကို ရွေးခိုင်းပါ။

ဒုတိယနည်း - ပုံစံတူ အရောင်တူ ခေါက်ဆွဲခြောက်လေးတွေကို ရွေးခိုင်းပါ။

တတိယနည်း - ပုံစံတူ အရောင်မတူ ခေါက်ဆွဲခြောက်များကို ရွေးခိုင်းပါ။

ဤနည်းဖြင့် ကလေးများ အရောင်များကို လေ့လာနိုင်သည့်အပြင် မတူညီသော ပုံစံများကို sorting/matching လုပ်နည်းများကိုပါ တပြိုင်နက်တည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။
သားသားမီးမီးတို့နှင့် ပျော်ရွှင်သော အချိန်လေးများ ပိုင်ဆိုင်နိုင်ပါစေ။
❤ ထာဝရဆု ❤
ခုတော့ အဲ ခေါက်ဆွဲခြောက်လေးတွေနဲ့ ကစားနည်းလေးများကို ပြောပြပါမယ်။

ပထမနည်း - အရောင်တူ ခေါက်ဆွဲခြောက်လေးတွေကို ရွေးခိုင်းပါ။


တတိယနည်း - ပုံစံတူ အရောင်မတူ ခေါက်ဆွဲခြောက်များကို ရွေးခိုင်းပါ။

ဤနည်းဖြင့် ကလေးများ အရောင်များကို လေ့လာနိုင်သည့်အပြင် မတူညီသော ပုံစံများကို sorting/matching လုပ်နည်းများကိုပါ တပြိုင်နက်တည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။
သားသားမီးမီးတို့နှင့် ပျော်ရွှင်သော အချိန်လေးများ ပိုင်ဆိုင်နိုင်ပါစေ။
❤ ထာဝရဆု ❤
Subscribe to:
Posts (Atom)