Sunday, August 17, 2014

ကော် ပန်းချီလေး ရေးခြယ် ကစားကြမယ်

ဒီတပတ် ပိတ်ရက်မှာ ဘယ်မှမသွားဖြစ်တော့ ပျင်းနေတာနဲ့ သမီးတွေနဲ့ ကော်ဖြင့် ပန်းချီဆွဲတာလေးလုပ်ဖြစ်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ
-ကျောင်းသုံးကော်၊ အစားအစာအရောင်ဆိုးဆေး၊ ပုံဆွဲစာရွက်ပဲဖြစ်ပါတယ်။



ပထမဦးစွာ ကော်ဗူးထဲမှ ကော်များကို တ၀က်ခန့် ဗူးတဗူးထဲသို့ပြောင်းထားပါ။ ကော်တဗူးလုံး ကုန်မှာမဟုတ်လို့ဖြစ်ပါတယ်။ နောက် နှစ်သက်ရာ အရောင်ဆိုးဆေးကို ကော်ဗူးထဲအစက်ချထည့်ပါ။ ၁၀စက်ခန့်မှ ၂၀စက်ခန့်အထိ မိမိစိတ်ကြိုက်အရောင်ရအောင် ထည့်နိုင်ပါတယ်။




 ကော်ဗူးအဖုံးကို လုံအောင်ပိတ်ပြီး သမအောင် လှုပ်ပေးလိုက်လျှင်တော့ အရောင်ခြယ်ဖို့ အဆင့်သင့်ဖြစ်ပါပြီ။ 



စက္ကူပေါ်တွင် ဦးစွာ ခဲတံဖြင့် နှစ်သက်ရာ ပုံကို အကြမ်းဆွဲပါ နောက် ကော်ရောင်စုံဖြင့် လိုက်ထပ်ပေးပါ။ (ကျွန်မသမီးတွေက ငယ်သေးတော့ သူတို့ဆွဲတာထက် ကိုယ်ဆွဲတာကို ပိုသွားပါတယ်။  ) ကော်ခြောက်အောင် ညအိပ်ထားလိုက်လျှင်တော့ လှပတဲ့ ကော်ပန်းချီကားလေးရပါပြီ။



ပန်းချီဆရာမ မဟုတ်တော့ လက်ရာတော့ မကောင်းဘူးပေါ့နော်။ ပန်းစည်းလေးက သမီးကြီး ပူဆာလို့ လက်တန်းဆွဲပေးထားတာ။



ပျော်ရွှင်စရာ နေ့ရက်လေးဖြစ်ပါစေ။



❤ ထာဝရဆု ❤

No comments:

Post a Comment