Sunday, August 17, 2014

ဆန်းဆန်းပြားပြား ကျောက်ခဲလေးတွေနဲ့ ပန်းချီဆွဲကြရအောင်


ဒီတခါတော့ စုပ်တံတွေ၊ လက်တွေနဲ့ ပန်းချီမဆွဲဘဲ နောက်နည်းလေး တခုကို ကြည့်ရအောင်။ အိမ်မှာ ရှိတဲ့ ပစ္စည်းတော်တော်များများကို အသုံးချလို့ရလို့ ကုန်ကျစရိတ် သက်သာမယ့် နည်းတမျိုးပါပဲ။

၁) လိုအပ်သော ပစ္စည်းများကတော့ စာရွက်အဖြူ၊ ပန်းချီဆေး (နှစ်သက်ရာအရောင်များ)၊ ကျောက်ခဲလေးများနှင့် ဘူးတခုပဲဖြစ်ပါတယ်။

၂) ဦးစွာ စာရွက်ကို ဘူးထဲတွင်ခင်းပါ။ ကျောက်ခဲတလုံးစီကို နှစ်သက်ရာ အရောင်ဆေးလေးတွေ သုတ်ပါပြီး ဘူးထဲထည့်ပါ။

၃) ဘူး အဖုံးပိတ်၊ ကလေးကို ဘူးပေးပြီး စိတ်ကြိုက် လှုပ်ခိုင်းပါ။

၎) ဒါဆိုရင်တော့ လက်တွေပေခြင်းကင်းတဲ့ ပန်းချီကားလေး တချပ်ရပါပြီ။

ပထမ ပန်းချီကားက အနီ၊ အ၀ါ၊ အပြာ၊ အစိမ်း စပ်ထားတာပါ။ နောက်တခုကတော့ ပန်းရောင်၊ အ၀ါ၊ အပြာ နှင့် အဖြူပါ။


❤ ထာဝရဆု ❤

No comments:

Post a Comment