Sunday, August 17, 2014

ခေါက်ဆွဲခြောက် ရောင်စုံဖြင့် ကစားနည်း

ခေါက်ဆွဲခြောက် အရောင်ဆိုးနည်းကို ပြောပြပြီးပြီနော်။ မသိသေးရင် ဒီမှာ ကြည့်ပါ။ 

ခုတော့ အဲ ခေါက်ဆွဲခြောက်လေးတွေနဲ့ ကစားနည်းလေးများကို ပြောပြပါမယ်။

စာရွက်မှာ အရောင်မတူ ပုံမတူတဲ့ ခေါက်ဆွဲခြောက်လေးတွေကို တိပ်ဖြင့် ကပ်ပါ။ ဆေးဆိုးထားတဲ့ ခေါက်ဆွဲခြောက်တွေကို ဇလုံတခုထဲထည့်ပါ။




ပထမနည်း - အရောင်တူ ခေါက်ဆွဲခြောက်လေးတွေကို ရွေးခိုင်းပါ။




ဒုတိယနည်း - ပုံစံတူ အရောင်တူ ခေါက်ဆွဲခြောက်လေးတွေကို ရွေးခိုင်းပါ။



တတိယနည်း - ပုံစံတူ အရောင်မတူ ခေါက်ဆွဲခြောက်များကို ရွေးခိုင်းပါ။


ဤနည်းဖြင့် ကလေးများ အရောင်များကို လေ့လာနိုင်သည့်အပြင် မတူညီသော ပုံစံများကို sorting/matching လုပ်နည်းများကိုပါ တပြိုင်နက်တည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

သားသားမီးမီးတို့နှင့် ပျော်ရွှင်သော အချိန်လေးများ ပိုင်ဆိုင်နိုင်ပါစေ။


❤ ထာဝရဆု ❤

No comments:

Post a Comment