Sunday, August 17, 2014

ပန်းပွင့်ပုံလေးတွေ လုပ်တန်း ကစားကြရအောင်


လိုအပ်တဲ့ ပစ္စည်းများ။ ။ Tissue paper (wrap paper), pipe cleaner နှင့် ကတ်ကြေး

၁) ဦးစွာ တစ်ရှူးစာရွက် လေးရွက် (အရွက်ရေများလျှင် ပန်းလေးက ၀င့်ဝင့်ကားကားလေးပိုလှပါတယ်) ကို ထပ်ပြီး အကော်ဒီယံ ကောက်နည်းနဲ့ ညီညီညာညာလေး ခေါက်ပေးပါ။

၂) ဘေးအနား နှစ်ဘက်ကို လိုချင်သော ပန်းပုံအတိုင်း အ၀ိုက် (သို့) အချွန် လေးညှပ်ပေးပါ။

၃) အလယ်မှ ချိုးပြီး pipe cleaner လေးနဲ့ ချည်လိုက်ပါ။

၎) ညာဘက်မှ တစ်ရှူးစာရွက် တရွက်ချင်းစီကို အလယ်ဗဟိုသို့ စုပေးပါ။ ဘယ်ဘက်ကိုလည်း ထိုနည်းအတိုင်းစုပေးလိုက်ရင် လှပသော ပန်းလေးတပွင့်ရပါပြီ။

မညှိုးနွမ်းသောပန်းကလေးမို့ အရောင်စုံလုပ်ကာ ကလေးတွေ စိတ်ကြိုက် ကစားလို့ရသလို အိမ်တွင်လည်း အလှဆင်ရာမှာ သုံးလို့ရပါတယ်။


❤ ထာဝရဆု ❤

No comments:

Post a Comment