Wednesday, August 20, 2014

ရေချိုးရင်း bubble လေးတွေနဲ့ ကစားကြမယ်

ရေချိုးတိုင်း bubble လေးတွေ လုပ်ပေးရပါတယ်။ ဒီတခါတော့ အဆန်းလေးဖြစ်အောင် လုပ်ပေးလိုက်တယ်။

ရေချိုးဆပ်ပြာရည်ကို အရောင်ဆိုးဆေး အစိမ်းလေး အစက် ၂၀-၃၀လောက်နှင့် ရေလေးနည်းနည်းထည့်ပြီး ပြီး blender  ထဲမှာ ထည့်မွှေလိုက်ပါတယ်။ 


ပြီး ရေနွေးလေးစပ်ထားတဲ့ tub ထဲကို ထည့်လိုက်တဲ့အခါ bubble အများကြီးထွက်လာတာပေါ့။ နောက်ဆန်းတာက ရေအရောင်ကပါ အစိမ်းလေးဖြစ်နေတာ။ 


bubble တွေနဲ့ ကစားရင်း bubble လေးတွေ အပေါ်က အရောင်ဆိုးဆေး အနည်းငယ် ဖြန်းပေးလိုက်ပြီး အရောင်ဆိုးပေးလိုက်တယ်။



 ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။


 ❤ ထာဝရဆု ❤

No comments:

Post a Comment