"ဟယ်လို..... ဟယ်လို.... ကြားလား.....ကြားလား"
ဒီကစားနည်းလေးကို ငယ်ငယ်က ကစားကြဖူးမယ်ထင်တယ်။ မှတ်မိကြလား။ ခွက်လေး တစ်ယောက် တစ်ခွက်စီကိုပြီး စကားပြောသူနဲ့ နားထောင်သူနဲ့ ကစားကြတာလေ။
တယ်လီဖုန်းခွက်လေး ဘယ်လိုလုပ်လဲဆိုတော့
ကတ်ထူလိပ်၊ အလှဆင် စက္ကူ၊ ဖဲကြိုး၊ ကြိုး၊ ကတ်ကြေးနှင့် ကော်ပဲဖြစ်ပါတယ်။
ကတ်ထူလိပ်ကို နှစ်သက်ရာ အရွယ် ပိုင်းဖြတ်ပါ။ နောက် အလှဆင်စက္ကူနဲ့ အပေါက်တဘက်နှင့် ဘေးဘက်ကို ကပ်ပါ။ ဖဲကြိုးလေးကို ကော်နှင့်ကပ်ပြီး အလှဆင်ပါ။ [တခါသောက် စက္ကူခွက်၊ နို့ဆီခွက်များကို သုံးလျှင်လည်း ရပါတယ်။] နောက် ကတ်ထူလိပ်ပိတ်ထားသော ဘက်မှ အပေါက်အသေးလေးဖောက်ပြီး ကြိုးလေးချည်လိုက်လျှင်တော့ လှပတဲ့ တယ်လီဖုန်းခွက်လေးနဲ့ စကားစပြောပြီး ကစားလို့ရပါပြီ။ လွယ်ကူပြီး ကုန်ကျစရိတ် သက်သာတဲ့အပြင် ကလေးတွေ သဘောကျတဲ့ ကစားနည်းလေးဖြစ်လို့ ကစားကြည့်ဖို့ မမေ့နဲ့အုံးနော်။
သားသားမီးမီးတို့နဲ့ ပျော်ရွှင်ဖွယ် အချိန်လေးများ ပိုင်ဆိုင်နိုင်ပါစေ။
No comments:
Post a Comment