Sunday, August 17, 2014

အရောင်လေးတွေခွဲခြားနည်းလေး ကစားကြည့်ရအောင်


ဒီကစားနည်းအတွက် pompom ရောင်စုံ၊ တိပ်၊ ပေတံ၊ ဇလုံခပ်ကြီးကြီး တစ်ခု၊ ခဲတံ နှင့် စာရွက် ကြီးကြီး တခုပဲ လိုအပ်ပါတယ်။

ဦးစွာ စာရွက်ကြီးကြီးကို စားပွဲပေါ်တွင်ကပ်ပါ။ pompom အရောင် ခုနှစ်မျိုးရှိလို့ ခုနှစ်လိုင်းဆွဲပါတယ်။ အပေါ်တွင် pompom တခုစီကို တိပ်ဖြင့်ကပ်ပါ။ ထို့နောက် ကလေးကို pompom အရောင်စုံ ရောထည့်ထားသော ဇလုံကို ပေးပြီး တူရာ အရောင်ကိုရွေးပြီး စီခိုင်းပါ။

သမီးကတော့ ဒီကစားနည်းကို အင်မတန်နှစ်သက်ပါတယ်။ ကလေးကို ခဏတာ ဒီကစားနည်းလေးနဲ့ အလုပ်ရှုပ်နေစဉ် မေမေတွေလည်း ဟင်းချက် အိမ်အလုပ်လုပ်နိုင်တာပေါ့။

ဒီပို့စ်ကို ကြိုက်ရင် Like, Share, Comment လေးတွေ လုပ်ပေးအုံးနော်။


❤ ထာဝရဆု ❤

No comments:

Post a Comment