Sunday, August 17, 2014
Shape လေးတွေလေ့လာကြရအောင်
ဒီနေ့တော့ နှစ်နှစ်အရွယ် သမီးနဲ့ shape တွေကို လေ့လာတဲ့ ကစားနည်းလေး ကစားဖြစ်ပါတယ်။ သမီးကို ငယ်ငယ်လေးထဲက shape တွေကို ပြောပြထားလို့ သိပြီးသားပါ။ လုံးဝမသိသေးတဲ့ ကလေးတွေကိုလည်း ဒီကစားနည်းလေးနဲ့ စပြီး သင်ပေးကြည့်ပါ။ နည်းမျိုးစုံနဲ့ ကစားပေးခြင်းဖြင့် ကလေးကို မမေ့အောင် လေ့ကျင့်ပေးနိုင်ပါတယ်။ ကုန်ကျစရိတ်သက်သာသလို သင်ရတာလွယ်ကူတာကို တွေ့ပါလိမ့်မယ်။
ကျောက်သင်ပုန်းပေါ်မှာ shape တစ်ခုချင်းစီကို ပုံဆွဲပြီး အကန့်လေးတွေကိုဆွဲထားပါ။ ထို့နောက် contact paper (တဘက်မှာကော်ပါပါတယ် အကြည်ရောင်ဆို ခုကစားနည်းအတွက် ပိုကောင်းပါတယ်) ကော်မပါတဲ့ဘက်ကို ကျောက်သင်ပုန်းမှာထားပြီး တိပ်ဖြင့်ကပ်ပါ။ contact paper က ဈေးမကြီးပါဘူး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွေမှာရနိုင်ပြီး ၉ ပေပါတဲ့အလိပ်ကိုမှ ၃ ဒေါ်လာဝန်းကျင် ပဲပေးရပါတယ်။ တချို့နေရာတွေမှာတော့ စာရေးကိရိယာဆိုင်တွေမှာလည်းရှိတတ်ပါတယ်။ ရောင်စုံစက္ကူ အရောင်တခုတည်းကိုသာ အသုံးပြုပြီး shape လေးတွေကို အကြီးအသေးလေးတွေ ကတ်ကြေးနှင့် ညှပ်ထားပါ။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင်တော့ ကလေးကို Shape လေးတွေရဲ့ နာမည်ပြောပြပြီး ရောထားတဲ့ shpae စက္ကူလေးတွေထဲကရှာခိုင်းပြီး ကျောက်သင်ပုန်းမှာ ကပ်ခိုင်းလိုက်ပါ။ contact paper နဲ့မို့ မှားသွားလည်း အလွယ်တကူ ပြန်ခွါပြီး ကပ်နိုင်ပါတယ်။
လွယ်ကူသက်သာလို့ ခုနည်းလေးကိုလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။
❤ ထာဝရဆု ❤
Subscribe to:
Post Comments (Atom)
No comments:
Post a Comment