ဒီနေ့တော့ သိပ္ဗံစမ်းသပ်မှုလေးတခု သမီးတွေနဲ့ လုပ်ဖြစ်ပါတယ်။ သိပ်ကြီးမားတဲ့ စမ်းသပ်မှုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ပျော်စရာလဲ ကောင်း အသိပညာလဲ ရတဲ့ ကစားနည်းလေးမို့ သူငယ်ချင်းမေမေတွေသိအောင် ဝေမျှလိုက်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
ဆိုဒါ
ရှာလကာရည်
အစားအစာ အရောင်ဆိုးဆေး တို့ပါပဲ။
ခွက်လေးတွေထဲကို ဆိုဒါလေးတွေထည့်ပြီး အရောင် ၄-၅စက် ထည့်ပြီး သမအောင် မွှေပေးထားပါ။
ရှာလကာရည်ကို ဗူးလေးတခုထဲ ထည့်ထားပြီး ပေကြံမှုတွေကင်းအောင် ဗန်းတခုတော့ အောက်က ခံထားပေးရင် အကောင်းဆုံးပါပဲ။
နောက် သမီးတွေကို ရှာလကာရည် ဗူးပေးပြီး ဆိုဒါထည့်ထားတဲ့ ခွက်လေးတွေထဲ လောင်းထည့်စေလိုက်တဲ့ အခါ......
ဆိုဒါနှင့် ရှာလကာရည် ဓါတ်ပြုပြီး ချောရည်လေးတွေ ထွက်လာပါပြီ။
ဒီကစားနည်းမှာ သိပ္ဗံဆိုင်ရာ ဓါတ်ပြုခြင်း သဘောကို လက်တွေ့စမ်းသပ်နိုင်မှာဖြစ်ပါတယ်။ နောက်တခုက ကလေးတွေ ဗူးကိုင်ပြီး လောင်းထည့်တဲ့အခါ အတိုင်းအဆကို လည်း သင်ယူနိုင်မှာမို့ ဒီကစားနည်းက အသုံးဝင်တဲ့ ကစားနည်းလေး တခုပေါ့....
ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။
❤ ထာဝရဆု ❤
No comments:
Post a Comment