Sunday, August 17, 2014
ကလေး အရွယ်မရွေးကစားနိုင်သော Finger Paint လုပ်နည်း
Finger Paintကို လုပ်ရတာ လွယ်ကူသလို လိုအပ်တဲ့ပစ္စည်းကလည်း မိမိမီးဖိုခန်းထဲတွင် အလွယ်တကူရှိနိုင်သော ပစ္စည်းများဖြစ်ပါတယ်။ ဘာပစ္စည်းတွေလိုလဲ ကြည့်ရအောင်
ပြောင်းဖူးကော်မှုန့် ၁ခွက်
ရေ ၃ခွက်
အစားအစာ အရောင်ဆိုးဆေး တို့ပဲဖြစ်ပါတယ်။
ပထမဦးစွာ အိုးတအိုးထဲတွင် ပြောင်းဖူးကော်မှုန့်နှင့် ရေကို ရောပေးပါ။ နောက် မီးမျှင်းမျှင်းလေးဖြင့် ကြိုပေးပါ။ အဆက်မပြတ်တော့ မွှေပေးနေရပါမည်။ ခပ်စီးစီးလေးဖြစ်လာလျှင်တော့ အအေးခံထားပါ။ ပြီး လုပ်မည့်အရောင်ပေါ်မူတည်ပြီး ခွက် (သို့) ဗူးလေးထဲ ခွဲထည့်ပါ။ သိမ်းထားချင်သည်ဆိုလျှင်တော့ လေလုံဗူးလေးများဖြင့်ထည့်ထားပါ။ အရောင်ဆိုးဆေး အနည်းငယ်ထည့်ပြီး မွှေပေးလိုက် လျှင်တော့ Finger Paint ရပါပြီ။
ဤနည်းသည် လွယ်ကူသက်သာပြီး စားလျှင်လည်း ဘေးဥပဒ်မဖြစ်နိုင်သောကြောင့် လသားအရွယ်ကလေးမှစ၍ အရွယ်စုံကလေးများကို စိတ်ချစွာပေးကစားနိုင်မှာဖြစ်ပါတယ်။
မိမိရင်သွေးနှင့်ပျော်ရွှင်စွာ ကစားနိုင်ကြပါစေ။
❤ ထာဝရဆု ❤
Labels:
Baby Activities,
DIY,
Paint,
Toddler Activities
Subscribe to:
Post Comments (Atom)
No comments:
Post a Comment