Sunday, August 17, 2014

B is for Butterfly


ဒီနေ့တော့ သမီးကို alphabet လေးတွေဆီ ပြန်လှည့်ပြီး ကစားနည်းလေး တခုလုပ်ပေးလိုက်တယ်။ ကလေးတွေအတွက် A to Z ဆိုဖို့ က မခက်ပေမယ့် ဘယ်စာလုံးက ဘယ်ပုံသဏ္ဌာန်လေးတွေဆိုတာကို မှတ်မိလွယ်အောင် သင်ပေးဖို့ ဒီကစားနည်းလေးက အထောက်အကူပြုမယ်ထင်တယ်။

၁) လိုအပ်တဲ့ ပစ္စည်များကတော့ ရောင်စုံစက္ကူ အမည်း၊ အ၀ါနု (နှစ်သက်ရာ နောက်ခံ)၊ ဘီပုံသဏ္ဌာန် လိပ်ပြာ၊ ကော်၊ ကတ်ကြေးနှင့် ရောင်စုံ ဆော့ပန်များ ဖြစ်ပါတယ်။

၂) စက္ကူအမည်းနဲ့ လိပ်ပြာပုံကို ညှပ်ပါ။ ပြီး ကော်သုတ်ပြီး နောက်ခံစက္ကူမှာ ကပ်ပါ။

၃) ကလေးကိုပေးပြီး လိပ်ပြာတောင်ပံကို စိတ်ကြိုက် အရောင်ခြယ်ပါစေ။

လှပတဲ့ ဘီပုံသဏ္ဌာန်လေးရပါပြီ။ စာရေးမသင်ခင် ကလေးတွေ မှတ်မိလွယ်မယ့် ပုံလေးတွေ ဖန်တီးပေးရင်း ပျော်ရွှင်ဖွယ်အချိန်များ ဖန်းတီးပေးကြပါစို့။


❤ ထာဝရဆု ❤

No comments:

Post a Comment