Sunday, August 17, 2014

ခေါက်ဆွဲ ကို အစမ်းလေး လုပ်စားမယ်

သမီးနှစ်ယောက်အတွက် မနေ့က လုပ်ပေးတဲ့ နေ့လည်စာလေးပါ။ အစားမရွေးပေမယ့် အစာစားရတာ မငြီးငွေ့အောင် စီစဉ်ပေးထားတာ။ တခြားမေမေတွေအတွက်လဲ အကြံလေးရအောင် တင်ပေးလိုက်တယ်နော်။


hotdog ကို နှစ်သက်ရာ အသားသုံးလို့ရပါတယ်။ ကျွန်မကတော့ ကြက်ဆင်သားနဲ့ လုပ်ထားတာကို သုံးပါတယ်။ ကြက်အူချောင်းကို ၅ ပိုင်းပိုင်းပါ။ နောက် ခေါက်ဆွဲခြောက်ချောင်း (အသေး)လေးတွေကို လေးပိုင်းလောက်ပိုင်းပြီး ကြက်အူချောင်းထဲ လျှိုသွင်းပါ။ 


ရေနွေးဆူအောင်တည်ပြီး ခေါက်ဆွဲ ကျက်သည်အထိ ပြုတ်ပေးလိုက်လျှင်တော့ သားသားမီးမီးတို့ မငြင်းချင်အောင် ဆွဲဆောင်မှုရှိတဲ့ ခေါက်ဆွဲတပွဲရပါပြီ။















❤ ထာဝရဆု ❤

No comments:

Post a Comment