Wednesday, August 20, 2014

bubble လေးတွေနဲ့ ကစားရအောင်

ကလေးတိုင်း bubble လေးတွေနဲ့ ကစားရတာကို ဘယ်တော့မှ မရိုးသွား မအီသွားကြပါဘူး။ ဒီကစားနည်းလေးက ကုန်ကျစရိတ်နဲတဲ့ ကစားနည်း တခုပါပဲ။ 

လိုအပ်တဲ့ ပစ္စည်းတွေကတော့

ပန်းကန်ဆေး ဆပ်ပြာရည်
ရေ
ပိုက်
ခွက် တို့ပါပဲ။ 


ပန်းကန်ဆေး ဆပ်ပြာရည် နှစ်ဇွန်းလောက်ကို ခွက်တခုထဲထည့် ပြီး ရေ နည်းနည်း ရောထားပါ။


နောက် ပိုက်လေးနဲ့ မှုတ်ပြီး စိတ်တိုင်းကျ ကစားနိုင်ပါပြီ။ ကလေးငယ်သေးရင် တော့ ပါးစပ်ထဲ ၀င်သွားမှာဆိုးလို့ ကိုယ်တိုင် မလုပ်ခိုင်းပါနဲ့အုံး။


လက်ဖြင့် ကိုင်တွယ်ပြီး စိတ်တိုင်းကျ ကစားခိုင်းလိုက်ပါ။


ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။

❤ ထာဝရဆု ❤ 

No comments:

Post a Comment