Wednesday, August 20, 2014

တူရာလေးတွေ ရွေးခြယ် ကစားကြမယ်

ဒီနေ့ မနက် သမီးတွေကို ဘာလေးတွေ ပေးကစားရမလဲ စဉ်းစားရင်း ဘာမှ အသစ်တွေမလုပ်ဘဲ ရှိတဲ့ အရုပ်ကလေးတွေနဲ့ပဲ ကစားတော့မယလို့ အကြံလေးတခုရတယ်။

ပထမဦးဆုံး လိုအပ်တဲ့ အရုပ်အသေးလေးတွေကို အရင်ရှာထားလိုက်ပါ။ နောက် A3 ဆိုဒ် စာရွက်ပေါ်မှာ အရုပ်ထက် နည်းငယ် ခပ်ကြီးကြီးလေး ဖြစ်အောင် ဆွဲပါ။ အရုပ်ကလေးတွေကိုတော့ အိတ်တခု (သို့) ဗူးတခုထဲ ထည့်ထားလိုက်ပါ။


စာရွက်ကို စားပွဲပေါ်မှာ တိပ်ဖြင့် ကပ်လိုက်ပါ။ နောက် အရုပ်ထည့်ထားတဲ့ အိပ်ကို ပေးပြီး ကလေးတွေကို တူညီရာလေးတွေ ရွေးပြီး စီခိုင်းလိုက်ပါတယ်။ 


သမီးနှစ်ယောက်ကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ တူရာအရုပ်လေးတွေကို ရွေးပြီး စီနေတော့တာပါပဲ။


အားလုံး စီပြီးသွားတော့ နောက် တခေါက် ထပ်လုပ်မယ်ဆိုပြီး အရုပ်တွေကို အိတ်ထဲထည့်ကာ အစကနေ ပြန်ကစားကြတယ်။



ဒီကစားနည်းလေးက အကုန်အကျနည်းပေမယ့် ကလေးတွေအတွက်တော့ တူရာလေးတွေ ရွေးခြယ်တတ်တဲ့ အတတ်ပညာလေးကို ပေးစေမှာ ဖြစ်ပါတယ်။

ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။

❤ ထာဝရဆု ❤

No comments:

Post a Comment