Sunday, August 17, 2014

play-dough နဲ့ ကစားကြရအောင်


ဤကစားနည်းအတွက် လိုအပ်သည်များ။ ။ play-dough အနီ၊ အ၀ါ၊ အစိမ်း 

play-dough လုပ်နည်းကို ဒီမှာ ကြည့်ပါ။

ခေါက်ဆွဲအတွက် play-dough အ၀ါကို သုံးပါမည်။ အလုံးလေးလုံး၍ ရှည်မျောမျောဖြစ်အောင် လှိမ့်ပေးပါ။ နောက်တွင် အပိုင်းလေးများ ဖြတ်ပြီး ၄င်းအပိုင်းလေးများကို သေးသေးသွယ်သွယ် ခေါက်ဆွဲချောင်းများဖြစ်အောင် ထပ်လှိမ့်ပေးပါ။

အသားလုံးအတွက်ကတော့ အနီရောင်ကို သုံးပါမည်။ အလုံးသေးလေးများလုံးပေးထားပါ။

အသီးအရွက်လေးများအတွက်တော့ အစိမ်းရောင် play-dough ကို နှစ်သက်ရာ အသီးအရွက်ပုံလေးတွေဖော်ပေးလိုက်ပါ။

ပန်းကန်ပြားထဲတွင် ခေါက်ဆွဲထည့် အသားလုံးတင်ပြီး အသီးအရွက်များထည့်လိုက်လျှင်တော့ အရသာပြည့်စုံတဲ့ spagetti လေးရပါပြီ။

တနေ့တာလုံး သမီးရဲ့ စိတ်တိုင်းကျ ဖန်တီးမှုလေးတွေကို မျှဝေလိုက်ပါတယ်။
15 မိနစ် လောက်သာ အချိန်ပေးပြီး လုပ်ရသော ငွေကုန်ကြေးကျသက်သာတဲ့ play-dough လုပ်နည်းလေးကို စမ်းလုပ်ကြည့်ပြီး သင့်ရင်သွေးအတွက် ပျော်ရွှင်ဖွယ် အချိန်လေး ဖန်ဆင်းပေးလိုက်ရအောင်လား။



❤ ထာဝရဆု ❤

No comments:

Post a Comment