Sunday, August 17, 2014

DIY Paint dotters



ဤကစားနည်းအတွက် လိုအပ်သည်များ။ ။ ပန်းချီဆေး (နှစ်သက်ရာ အရောင်)၊ ဗူးသေးသေးလေး၊ မိတ်ကပ်လိမ်းရာတွင်သုံးသော Sponge နှင့် ကြိုး


ပန်းချီဆွဲရာမှာ စုပ်တံအစား အခြားနည်းများစွာဖြင့် ဆွဲလို့ရပါသည်။ တရက် သမီးနှင့် အစက်ချတဲ့ paint လုပ်ကြရအောင်လို့ အကြံရတယ်။ ခက်တာက အိမ်မှာ paint dotters မရှိဘူး။ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားရင်း bubble ဗူးသေးသေးလေးတွေရှိသားပဲဆိုပြီး မိတ်ကပ် sponges လေးနဲ့ DIY လေးလုပ်ဖြစ်တယ်။ ဗူးထဲကို ဆေးထည့် ရေရော ပြီး sponges ကို အပေါ်မှာတင်ပြီး cable ties နဲ့စီးပါတယ် မရှိပါက ကြိုးနဲ့စီးလိုက်ရုံပါပဲ။ ဆေးက အရမ်းပြစ်နေရင် အစက်ချရာမှာ မကောင်းပါဘူး။ ခုနည်းလေးက လုပ်ရတာလွယ်ကူသလို ကလေးလည်း ပျော်ရွှင်စွာ dot painting လုပ်ဖြစ်ပါမှာဖြစ်ပါတယ်။

ကလေးလက်လေးတွေက သေးတဲ့အတွက် သိပ်ကြီးတဲ့ဗူးဆိုရင် သူတို့ ပုံဆွဲရာမှာ အဆင်မပြေပါဘူး။ နောက်တခုက ကလေးကစားမှာဖြစ်လို့ ကွဲနိုင်သော ဖန်ပုလင်းကဲ့သို့ အရာများနှင့် မပြုလုပ်ပါနှင့်။

တချို့ပစ္စည်းတွေက ၀ယ်လို့ရပေမယ့် ကစားချင်တဲ့အချိန် အဆင်သင့်မရှိရင်သော်၎င်း၊ ဈေးကြီးလျှင်သော်၎င်း ယခုကဲ့သို့လွယ်ကူစွာနဲ့ အစားထိုးပေးလို့ရပါသည်။


❤ ထာဝရဆု ❤

No comments:

Post a Comment