Sunday, August 17, 2014

ခေါက်ဆွဲခြောက်လေးတွေကို အရောင်ဆိုးနည်း

ပါဝင်သော ပစ္စည်းများ
-------------------------
pasta ပုံစုံ အမျိုးမျိုး
အစားအစာ အရောင်ဆိုးဆေး
ရှာလကာရည်
ပလက်စတစ်အိတ်
wax paper (သို့) သတင်းစာစက္ကူ တို့ပဲဖြစ်ပါတယ်။

အရောင်ဆိုးမယ့် pasta များကို ပလက်စတစ်အိတ်ထဲသို့ ခွဲထည့်ပါ။




ခွက် တခုထဲတွင် ရှာလကာရည် နှစ်ဇွန်း (pasta အခြောက် ၃ခွက်စာအတွက်)၊ အရောင်ဆိုးဆေး ၇စက်မှ ၁၀စက်ထိ ထည့်ပြီး မွှေပေးပါ။ [အရောင်စပ်ချင်ရင် ဒီအဆင့်မှာ တခါတည်းစပ်ပါ။] နောက် ပလက်စတစ်အိတ်ထဲသို့ လောင်းထည့်ပြီး သမ အောင် ဖြေးဖြေးချင်း လှုပ်ပေးပါ။ 



pasta များ မကျိုးကျေစေဖို့ ဂရုစိုက်ပါ။ အရောင်များနှံ့သွားလျှင်တော့ လေလုံအောင် ပိတ်ပြီး မိနစ်၃၀ခန့်ထားပါ။ အချိန်ပြည့်လျှင် တဖက်သို့ လှည့်ပေြးီ့း နောက် မိနစ်၃၀ခန့် ထပ်ထားပေးပါ။ 




ပြီးလျှင်တော့ wax paper (သို့) သတင်းစာ စက္ကူကို ခင်းပြီး အရောင်ဆိုးထားတဲ့ pasta လေးတွေကို ဖြန့်ထည့်ပြီး အခြောက်ခံထားပါ။ ခြောက်သွားလျှင် ရှာလကာရည်နံ့လဲ ပျောက်သွားပြီး လှပတဲ့ ခေါက်ဆွဲခြောက် ရောင်စုံလေးများ ရပါပြီ။

သားသားမီးမီတို့နဲ့ ပျော်ရွှင်ဖွယ်အချိန်များ ပိုင်ဆိုင်နိုင်ပါစေ။



❤ ထာဝရဆု ❤

No comments:

Post a Comment