ဘယ်လိုကစားလဲ ကြည့်ရအောင်နော်။
ပါဝင်သော ပစ္စည်းများ
-------------------------
၁. finger paint
၂. zip lock ပလက်စတစ်အိတ်
၃. tape တို့ပဲ ဖြစ်ပါတယ်။
ပလက်စတစ်အိတ်ထဲသို့ finger paint (ရိုးရိုး paint လဲ သုံးလို့ရပါတယ်။) အရောင် နှစ်ရောင် (သို့) သုံးရောင် ထည့်ပြီး အိတ်ကို လေထုတ်ပြီး ပိတ်ပါ။

နောက်တော့ အလင်းရောင် ကောင်းစွာရတဲ့ ပြတင်းပေါက် မှန်မှာ tape နဲ့ ကပ်လိုက်ရင်တော့ လွယ်ကူပြီး ပေကြံမှုကင်းစွာ ဆေးခြယ်ကစားနိုင်တဲ့ ကစားနည်းလေး စ ကစားလို့ရပါပြီ။ ပြတင်းပေါက်မှန်မှာ ကပ်ပေးတာက နေရောင်ကြောင့် ဆေး အရောင်လေးတွေက ပိုလှပြီး ကလေးအတွက် ပိုစိတ်ဝင်စားစရာဖြစ်စေလို့ပါ။


အင်မတန်မှလွယ်ကူလို့ အားရက်မှာ ကလေးတွေနဲ့ပျော်ရွှင်စွာကစားနိုင်ဖို့ ဒီကစားနည်းလေးကို မျှဝေလိုက်ပါတယ်။
သားသားမီးမီးတို့နှင့် ပျော်ရွှင်ဖွယ်အချိန်လေးများ ပိုင်ဆိုင်နိုင်ပါစေ။
❤ ထာဝရဆု ❤
No comments:
Post a Comment