Sunday, August 17, 2014

DIY Glitter Bottle / Fairy Dust


TinkerBell က သမီး T ကြိုက်တဲ့ Fairy ပါ။ သူ့အတွက် Glitter bottle လေး လုပ်ပေးချင်တာနဲ့ သူကြိုက်တဲ့ Tinkerbell အကျီအရောင်ဖြစ်တဲ့ အစိမ်းရောင်လေးနဲ့ လုပ်ပေးဖြစ်တယ်။ လုပ်ထားတာ ကြာနေပေမယ့် ပိုစ့်ကို ခုမှပဲ တင်ဖြစ်တာပါ။

ပါဝင်ပစ္စည်းများ
-----------------
၁. အရောင်အလက်မှုန့်
၂. ရေပုလင်း အခွံ
၃. အစားအစာအရောင်ဆိုးဆေး (optional) တို့ဖြစ်ပါတယ်။

ရေပုလင်းက ဗျောင်ချော ပိန်ရှည် ပုလင်းဆို ကလေးငယ်ရဲ့ ပိစိကွေးလက်လေးတွေနဲ့ ကိုင်တွယ်ဖို့ ပိုအဆင်ပြေနိုင်ပါတယ်။ ဖန်ပုလင်းအစား ကော်ပုလင်းသာ သုံးဖို့ အကြံပြုပါရစေ။ ကလေးကိုင်တွယ် ကစားရင်း ကွဲသွားလျှင် ကလေးအတွက် အန္တရာယ် ဖြစ်နိုင်လို့ပါ။ 

လုပ်နည်းလေး ကြည့်ရအောင်........ ပုလင်းထဲကို ရေ လည်ပင်းနားထိထည့်ပါ။ နောက် နှစ်သက်ရာ အရောင်အလက်မှုန့် (Glitter) ထည့်ပါ။ နောက် အဖုံးပိတ်ပြီး လှုပ်ပေးပါ။ အနည်ထိုင်တဲ့အထိစောင့်ပါ။ ရေအရောင်အတိုင်းထားချင်လဲ ရပါတယ်။ ကျွန်မကတော့ သုံးထားတဲ့ glitter အစိမ်းရောင်လေးအတိုင်း ရေကို အရောင် အစိမ်းလေး ဆိုးလိုက်ပါတယ်။ အရေးအကြီးကတော့ ပုလင်းအဖုံးကို ကော်နဲ့ သေချာစွာ အပြီးပိတ်လိုက်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ သူငယ်ချင်းတို့ကလေးတွေ ပုလင်းအဖုံးဖွင့်ပြီး သောက်မိမှာ စိုးရိမ်လို့ပါ။ 

လှပတဲ့ fairy dust ပုလင်းလေးကို ကြည့်စေခြင်းအားဖြင့် ကလေးတွေအတွက် စိတ်ကြည်နူးစေမှုရစေတဲ့အပြင် စိတ်တည်ငြိမ်မှုပါရစေပါတယ်တဲ့။ 



စိတ်တိုတတ်တဲ့ ကျွန်မအတွက်လည်း စိတ်ရှည်မှုရအောင် နောက်နေ့မှပဲ တစ်ပုလင်းလုပ်တော့မယ်။ 



သားသားမီးမီးတို့နဲ့ ပျော်ရွှင်ဖွယ် အချိန်များ ပိုင်ဆိုင်နိုင်ပါစေ။


❤ ထာဝရဆု ❤

No comments:

Post a Comment