ကလေးတစ်ယောက်အတွက် တနေ့တာ ဘာတွေစားသင့်သလဲ?
• ဒီအရွယ်ကလေးတွေဟာ ကစားဘက်ကို ပိုပြီးခုံမင်လာပါတယ်။ သူတို့လေးတွေအတွက် အကောင်းဆုံးအစားအစာတွေကတော့ အရသာအစုံဖြစ်တဲ့ မတူညီတဲ့အစာလေးတွေ၊ အပုံသဏ္ဌ္ဌာန် အဆန်းလေးတွေ၊ အရောင်စုံအစာလေးတွေပဲပေါ့။
ကလေးတစ်ယောက် တနေ့တာ ဘာလောက်စားသင့်သလဲ?
• ဒါလေးက မေမေတို့အတွက် အထူးစဉ်းစားသင့်တဲ့ မေးခွန်းလေးဖြစ်ပါလိမ့်မယ်။ ကိုယ်ဆုံးဖြတ်ရမှာက ကလေးကို ဘယ်အစားအစာကို ကျွေးမယ်ဆိုတာနဲ့ သူတို့ ဘယ်အချိန် ဘယ်နေရာမှာ ကျွေးမယ်ဆိုတာပါ။ ဘယ်အစားအစာကို ဘယ်လောက်စားမယ်ဆိုတာကိုတော့ ကလေးကို ရွေးခြယ်ခွင့်ပေးလိုက်ပါ။ တနေ့နဲ့တနေ့ အစားစားချိန်တိုင်းမှာ ကလေးရဲ့စားချင်စိတ်က မတူညီ ပြောင်းလဲနေတတ်တာဟာ သဘာဝတခုပါပဲ။ အရေးအကြီးဆုံးကတော့ ပန်းကန်ပြောင်တဲ့အထိ ကလေးကိုစားခိုင်းဖို့ မတိုက်တွန်းမိဖို့ပါပဲ။ (ကလေးက မစာဘဲ ပန်းကန်ထဲရှိတာကုန်အောင်စားရမယ်ဆိုတဲ့စိတ်ဝင်သွားရင် အ၀လွန်ရောဂါဖြစ်စေခြင်းအစပါပဲ)

ကလေးတစ်ယောက် အတွက်မကျွေးသင့်တဲ့အစားတွေက ဘာတွေလဲ?
• ကလေးကို နင်စေမယ့် အစားအစာတွေကို ရှောင်ကြဉ်ကျွေးဖို့ အရေးကြီးပါတယ်။
ချောပြီးနင်စေတဲ့အစာတွေဖြစ်တဲ့ စပျက်သီးတစ်လုံးလုံး ကျွေးတာ၊ အသားတုံး အကြီးကြီး၊ သကြားလုံး
မာပြီးသေးတဲ့အစာတွေဖြစ်တဲ့ အစေ့အဆံ၊ ပေါက်ပေါက်ဆုပ်၊ အာလူးကြော်၊ မုန်လာဥနီနှင့် စပျက်သီးခြောက်
စေးကပ်စာတွေဖြစ်တဲ့ မြေပဲယို (peanut butter)
ကလေးကိုကျွေးမယ့် အစာတွေကို သေးသေးလေးတွေ ဖြတ်တောက်ပြီးမှ အမြဲကျွေးမွေးပါ။ ကလေး စားနေတဲ့အချိန်လဲ သေချာစောင့်ကြည့်ပါ။
နောက်တခုက ကလေးတွေမှာ အစားအစာမတည့်တာတွေရှိပါတယ်။ အများဆုံးဖြစ်တဲ့ မတည့်စာတွေကတော့ နို့၊ ဥအမျိုးမျိုး၊ မြေပဲနှင့် အခြား အစေ့အဆံများ၊ ပဲနို့၊ ဂျုံ၊ ငါးနှင့် ပင်လယ်စာတို့ပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကလေးတွေကြီးလာတဲ့အခါ မတည့်စာတွေပျောက်သွားတတ်ပါတယ်။ အကယ်၍ ကလေးမှာ မတည့်တဲ့အစာတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့သေချာ တိုင်ပင်ပါ။ (အင်မတန်အရေးကြီးပါတယ် တချို့ စားဆေး ထိုးဆေးတွေမှာ ကိုယ်နဲ့မတည့်တဲ့ အစာတွေနဲ့ပြုလုပ်ထားတာမို့ ဆေးထိုး ဆေးစားမမှားဖို့ မတည့်စာတွေကိုမှတ်ထားပြီး ဆရာဝန်ကိုသေချာပြောပြပါ။)
အကယ်၍ ကလေးက အစာရွေးတဲ့ကလေးဖြစ်ခဲ့လျှင် ဘယ်လိုလုပ်မလဲ?
• ကလေးကို အစာအသစ်ကျွေးတော့မယ်ဆိုလျှင် တကြိမ်မှာ တမျိုးသာ စမ်းပြီးကျွေးပါ။ ကလေးတစ်ယောက်က အစာတစ်မျိုးကို ၁၀ထက်မက စားပြီးမှ သူတို့နှစ်သက်တယ်လို့ လက်ခံတတ်ပါတယ်။ မိသားစုဝင်အားလုံး အတူစားတဲ့အစာတွေကို ကျွေးတဲ့အခါ ကလေးကြိုက်တဲ့အစာတစ်မျိုးကိုထည့်ကျွေးဖို့လဲ မမေ့ပါနဲ့။ အစာပြင်တဲ့အခါမှာ သပ်သပ်စီခွဲပြင်ပါ။ ကလေးတွေက အစာတွေအားလုံးရောထားတာတွေကို စားရတာ မနှစ်သက်ပါဘူး။ ကလေးမကြိုက်တဲ့အစာတွေကို အတင်းကျွေးဖို့မလုပ်သင့်ပါဘူး။ ပန်းကန်ပြင်တဲ့အခါ ကလေးကြိုက်ရာလေးတွေရွေးစားလို့ရအောင် သုံးလေးမျိုးထည့်ပြီး ကျွေးသင့်ပါတယ်။
ထပ်လောင်း အကြံပြုအချက်များကတော့...
• ကျန်းမာတဲ့အစာစားချင်း အလေ့အထကို လေ့ကျင့်ပေးပါ။
• မနက်စာ နေ့လည်စာ ညစာများအပြင် ကြားချိန်များမှာ အစာပြေကျွေးဖို့ စီစဉ်ထားပါ။
• အစာစားချိန်မတိုင်မှီကလေးတွေကို ငြိမ်ငြိမ်လေးနေစေခြင်းက ကလေးတွေအစာပိုစားဝင်စေပါတယ်။
• အစားအစာနဲ့ ဘယ်တော့မှ ဆုချခြင်းမျိုးမလုပ်ပါနဲ့။
• ထမင်းဟင်းချက်ရာမှာ ကလေးတွေကို ၀င်ရောက်ကူညီပါစေ။
• အစာကျွေးတဲ့အခါ ကလေးသုံး ပန်းကန်၊ ခွက်၊ ဇွန်း ခရင်းတွေကို သုံးစွဲပါ။

ref: http://my.clevelandclinic.org/childrens-hospital/health-info/ages-stages/toddler/hic-Feeding-Your-Toddler.aspx
http://wholesomebabyfood.momtastic.com/
(ကျွန်မ သမီးတွေအတွက် အချက်အလက်တွေ ရှာဖွေရင်း သူငယ်ချင်း မေမေများအတွက်ပါ မျှဝေလိုက်ပါတယ်)
❤ ထာဝရဆု ❤
No comments:
Post a Comment